Saturday 19 September 2015

Staircase Pressurization Fan အရွယ်အစားတွက်နည်း


Precaution in Building hand book အရ ထွက်ပေါက်အဖြစ်သုံးမည့်လှေခါး(fire escape staircase) များအားလုံးသည် သဘာဝအတိုင်း လေ၀င်လေထွက်ကောင်းအောင် ပြုလုပ်ထားခြင်း မရှိလျှင် (naturally ventilated မဟုတ်ခဲ့လျှင်) mechanical ventilation လုပ်ထားရုံသာမက ဖိအားမြင့်အောင် လုပ်ထား ပေးရန်(pressurization) လုပ်ထားပေးရန် မဖြစ်မနေ လိုအပ်သည်။
အဆောက်အဦး အမြင့်ကိုလိုက်၍ တွက်နည်း (၂)မျိုး ကွဲပြားသည်။ (၂၄)မီတာထက် နိမ့်လျှင် “10 ACH နည်း”ကို အသုံးပြု၍ (၂၄)မီတာထက် ပိုမြင့်လျှင် “full pressurization နည်း”ကို အသုံးပြုရမည်။
(၁) 10 ACH နည်း
10 ACH (10 Air Change per Hour) ဆိုသည်မှာ တစ်နာရီလျှင် လှေခါး၏ ထုထည် (၁၀)ဆနှင့် ပမာဏတူညီသည့် လေ၏ ထုထည်ထည့်ပေးရန်လိုအပ်သည့် ဟုဆိုလိုသည်။
Normal mode တွင် လှေခါး(staircase)အတွင်း၌ လေ၀င်လေထွက်ကောင်းရန်အတွက် 4 ACH နှုန်းဖြင့် ထည့်ပေးရန် လိုအပ်သည်။ Fire mode တွင် လှေခါး(staircase) အတွင်း၌ ဖိအားမြင့်တက်နေစေရန် 10 ACH နှုန်းဖြင့် ထည့်ပေးရမည်။
10 ACH နည်း - တွက်နည်းအဆင့်ဆင့်
(၁) ပထမဆင့်
အဆောက်အဦ၏ အမြင့်သည် (၂၄) မီတာထက် ပိုမြင့်၊ မမြင့်စစ်ဆေးရန်
(၂) ဒုတိယအဆင့်
လှေခါးထုထည်ကို တွက်ရန်
(၃) တတိယအဆင့်
Normal mode အတွက် 4ACH နှုန်းဖြင့် volume flow rate ကို တွက်ပါ။
(၄) စတုတ္ထအဆင့်
Fire mode အတွက် 10 ACH နှုန်းဖြင့် volume flow rate ကို တွက်ပါ။
ဥပမာ(၁) 10 ACH နည်း
(၁) ပထမဆင့် - အဆောက်အဦ အမြင့်သည် (၂၄) မီတာထက် ပိုမြင့်၊ မမြင့် စစ်ဆေးရန်။
အဆောက်အဦသည် ၇ထပ်မြင့်သော်လည်း ထုထည်ရှာရန် အမြင့်ကို တွက်သည့်အခါ (၁)ထပ်နုတ်ရသည်။ အဘယ်ကြောင့်ဆိုသော် မြေညီထပ်ကို ပထမထပ်ဟု သတ်မှတ်ထားသောကြောင့်ဖြစ်သည်။
လှေခါးအမြင့်(staircase high) = (7-1) ထပ် x 3.4 m
= 20.4m<24m
အဆောက်အဦသည် (၂၄) မီတာထက် ပိုနိမ့်သောကြောင့် 10ACH နည်းကို အသုံးပြုရမည်။
(၂) ဒုတိယအဆင့် - လှေခါး ထုထည်(staircase volume)ကို တွက်ရန်
လှေခါး(staircase)၏ အလျားသည် 4.5m ဖြစ်သည်။
လှေခါး(staircase)၏ အနံသည် 3m ဖြစ်သည်။
အဆောက်အဦသည် (၇)ထပ် မြင့်သည်။ တစ်ထပ်လျှင် ကြမ်းပြင်(floor)မှ soffit အထိ 3.4 မီတာ မြင့်သည်။
လှေခါးထုသည်(staircase volume) = အလျား x အနံ x အမြင့်
= 4.5m x 3m x ((7-1)ထပ် x 3.4m)
= 275.4 m3
(၃) တတိယအဆင့် - Normal mode အတွက် 4 ACH နှုန်းဖြင့် volume flow rate ကို တွက်ပါ။
Normal Mode(4ACH)ကို တွက်ရန်
Air Volume Flow Rate = Staircase Volume x 4 ACH
= 275.4 x 4 ACH
= 1,101.6 CMH ဟု သတ်မှတ်ရန်
(၃) စတုတ္ထအဆင့် -Fire mode အတွက် 10 ACH နှုန်းဖြင့် volume flow rate ကို တွက်ပါ။
Air V. F. R = Staircase Volume x 10ACH
= 275.4 x 10
= 2,754 CMH
= 2800 CMH ဟု သတ်မှတ်ရန်
ထို့ကြောင့် ထိုလှေခါးတွင်အသုံးပြုမည့် fan ၏ volume flow rate သည် normal mode အတွက် 1,101.6 CMH ဖြစ်ပြီး Fire mode အတွက် 2800 CMH ဖြစ်သည်။ 2800 CMH (High speed) နှင့် 1400 CMH(Low speed) ပေးနိုင်သည့် 2 speed fan ကို အသုံးပြုနိုင်သည်။
Duct size နှင့် fan ၏ static pressure ကို တစ်ပြိုင်နက် အတူတကွက တွဲ၍ တွက်ယူနိုင်ပါသည်။ သတိပြုရန်အချက်မှာ static pressure တွက်သည့်အခါ အမြင့်ဆုံးစီးနှုန်း(fire mode)၏ volume flow rate ကို အခြေခံ၍ တွက်ယူရပါမည်။
ဤနည်းသည် (၂၄) မီတာထက် ပိုနိမ့်သည့် အဆောက်အဦများတွင် တပ်ဆင်ထားသည့် လှေခါးအတွက် တပ်ဆင်ရမည့် fan အရွယ်အစားတွက်နည်း ဖြစ်ပါသည်။ (၂၄) မီတာထက် ပိုမြင့်သည့် အဆောက်အဦများတွင် တပ်ဆင်ထားသည့် လှေခါး၏ fan size တွက်နည်းကို ဆက်လက်ဖော်ပြပါမည်။
PDF File Download
http://www.acmv.org/…/Staircase_Pressurization-Calculation-…
ကောင်းထက်ညွန့်

No comments:

Post a Comment