Tuesday 14 July 2015

Pipe Sizing for Chilled Water System


ပိုက်အရွယ်အစား ရွေချယ်ရာတွင် အောက်ဖေါ်ပြပါ အချက် နှစ်ခုဖြင့် chiller plant အတွက် လိုအပ်သော chilled water piping system နှင့် condenser water piping system တို့အတွက် လိုအပ်သည့် ပိုက်အရွယ်အစား ရွေချယ်နိုင်သည်..
Piping Design ပြုလုပ်ရာတွင် အဓိကကျသည် ပိုက်၏ အတွင်း၌ စီးဆင်းမည့် ရေ၏ အလျင် (velocity) နှင့် ပိုက်၏ ခုခံမူ(Pa/m) ကို မည်မျှ အတွင်းထားရှိရမည့်ကို ပထမဦးစွာ ကန်သတ် သတ်မှတ် ရသည့်..
1- Limitation of Velocity
ပိုက်၏ အတွင်း၌ စီးဆင်းမည့် ရေ၏ အလျင် (velocity) သတ်မှတ်ချက်
- ပိုက်အရွယ်အစား 50 mm ထက် သေးငယ်ပါက velocity ကို 0.6 m/s နှင့် 1.2 m/s အကြား ထားရှိရမည်
- ပိုက်အရွယ်အစား 50 mm ထက် ကြီးမားပါက velocity ကို 1.0m/s နှင့် 2 m/s အကြား ထားရှိရမည်. . ရေအလျင် 2.0 m/s ကို အများဆုံးသတ်မှတ်ရသည်မှာ. ၎င်းအလျင်ထက် ကျော်လွန်ပါက ရေ အလျင်မြန် ဆန်မူကြောင့် ထွက်ပေါ်လာမည့် ရေပိုက်မှ ဆူညံသံ နှင့်အတူ ခုခံမူကိုလည်း (Friction loss ) မြင့်တက်စေသည်.. အလားတူ ရေစီးနှုန်း မြန်ဆန်သည့်အတွက် အပူစီးကူးမူနှုန်းကို လျော့ကျစေသည်.

2- Limitation of Pressure drop (Pa/m)
System တစ်လျောက် ပိုက် အတွင်း၌ ရှိနေမည် ခုခံမူကိုပိုက် အရှည် တစ်မီတာလျှင် 75 Pa/m နှင့် 400 Pa/m အကြား ထားရှိပြီး ပိုက် အရွယ်အစားကို ရွေးချယ်သတ်မှတ်သည်..
ASHRAE တွင် ပိုက်အရွယ်အစား 50 mm ထက် ကြီးမားသော ပိုက်မျာကို sizing ပြုလုပ်ရာတွင် Pressure drop ကို 250 Pa/m နီပါးခန် ထားရှိရန် ထောက်ခံသည်.

ဥပမာ - Condenser Water Pipe Sizing
Pipe sizing ပြုလုပ်ရာတွင် အောက်ပါ အတိုင်း အဆင့်ဆင့် ပြုလုပ်နိုင်သည်..


Step - 1 Equipment Capacity
ပိုက် အရွယ်အစားကို ရွေးချယ်ရန် ပထမဦးစွာ Air conditioning system အတွက် အသုံးပြုမည့် chiller ၏ အရွယ်အစားကို သိရှိရမည်..
ဥပမာ - တန် 350 RT Chiller ကို အသုံးပြုမည် ဆိုပါစို့..


Step - 2 Flow Rate
Chiller ၏ အရွယ်အစားကို ရွေးချယ်ပြီးပါက ၎င်းး chiller လည်ပတ်ရန် အတွက် လိုအပ်သည့် water flow rate ကို တွက်ချက်ရမည်.
Chiller - တန် 350 RT
လိုအပ်သော Condenser water flow rate,
1 RT = 3 gpm

1 l/s = 15.850372483753 US gpm
350 RT = 1,050 gpm = 66.25 l/s 

Step - 3 Pipe Sizing
System လိုအပ်သည် pipe size ကို အထက်တွင် ဖော်ပြ ထားသည့် limitation များအတိုင်း လိုက်နာ၍ ရွေးချယ်ရသည်..
Water Flow rate 66.25 l/s အတွက် ရွေးချယ် ကြည်ရအောင်.
ပုံတွင် ပါရှိသည် ASHRAE ၏ Friction Loss chart ဖြင့် quick selection ပြုလုပ်နိုင်သည်
Flow rate 66.25 l/s အတိုင်း chart တွင်ကြည်ပါက pipe size 125, 150, 200 နှင့် 250 တို့ကို အသီးသီး ရွေချယ်နိုင်ပါသည်.
သိုသော် Dia 125 နှင့် 150 ကိုရွေးချယ်ပါက
- velocity မှာ အရမ်း မြင့်မားပြီး 2.0 m/s ထက်ကျော်လွန်နေသည့်
- Pressure drop သည် အမြင့်ဆုံး ဖြစ်သည့် 400 Pa/m ထက် ကျော်လွန်နေသည်..
ထိုအတွက် မရွေချယ်သင့်ပေ.

ကျန်ရှိနေသော Dia 200 နှင့် 250 ကို ကြည်ပါက
- Dia 200 ၏ velocity မှာ သတ်မှတ်ထားသော အမြင့်ဆုံး ရှိသင့်သည့် 2.0 m/s ထက် အနည်းငယ် ကျော်လွန်နေသည့်ကို တွေရပေမည်. သိုသော် Pressure drop မှာ 160 Pa/m သာ ရှိသည့်အတွက် သတ်မှတ်သည့် အတွင်းတွင် ရှိနေသည်..
- Dia 250 ၏ velocity မှာ သတ်မှတ်ထားသော အတွင်း ဖြစ်သည့် 1.3 m/s သာ ရှိသည်.. သိုသော် Pressure drop မှာ 55 Pa/m သာ ရှိသည်..

အထက်ပါ Dia 200 နှင့် 250 ကို ယှဉ်တွဲ၍ ရွေးချယ်ပါက - Dia 250 ကို ရွေးချယ်ပါက ပိုက် အရွယ်အစား ပိုမို ကြီးမားသည့် အတွက် ပထမ ရင်းနှီး မြုပ်နှံမူ ဖြစ်သည့် Installation cost ကြီးမာသော်လည်း .. Dia 200 ကို ရွေချယ်ပါက Pressure drop မြင့်မားမူကြောင့် ကုန်ကျမည့် pump energy ရေရှည် ပေးဆောင်နေရမည့် လျှပ်စစ်ခ မှာ ပိုမို ကုန်ကျနေပေမည်..
ထိုကြောင့် Dia 250 pipe size ကိုသာ ရွေးချယ်သင့်သည်.


friction loss of Steel pipe

friction loss of PVC pipe

Ref - ASHRAE Fundamental 2013 Ch 22

credit to Soe Naing Win

Calculation of Kitchen Exhaust Ventilation System





Kitchen အခန်း အတွင်းမှ အနံအသက်, မီးခိုး, ရေခိုးရေငွေ, ဆီ, ဆီးခိုးမျာ နှင့် အပူကို စွန့်ထုတ်ရန် အတွက် အခန်း အတွင်းမှ လေကို စွန့်ထုတ်ရန် လိုအပ်သည်..
Kitchen Ventilation System တွက်ချက်ရာ၌ အပိုင်း ၃ ပိုင်း ထား၍ ယေဘုယျ အားဖြင့် အောက်ပါ အတိုင်း ခွဲခြား ပြုလုပ်သည်.
1- Commercial Restaurant/cafe type - ပုံမှန်အားဖြင့် ဟိုတယ်နှင့် စားသောက်ခန်း များတွင် အသုံးပြုသည်..
2- Domestic type - ချက်ပြီးသည် အစားအသောက်ကို မီးပူပေးရုံသာ အသုံးပြုသည်.
3- Residential Apartment type - လူနေ မီးဖိုခန်းများ အတွက် ဖြစ်သည်.
ထိုသို တွက်ချက်ရာတွင် တွက်ချက်နည်း များစွာဖြင် တွက်ချက်နိုင်သည်.. ယေဘုယျ အားဖြင့် အောက်ပါနည်းများဖြင့်တွက်ချက်သည်..
1- Air Change Rate per hour
2- Island Canopy Hood
3- CMH or CFM per linear length of hood.
Domestic နှင့် Residential များအတွက် တွက်ချက်ရာတွင် Air change rate ဖြင့် တွက်ချက်သည်.. ခြွင်းချက် အနေဖြင့်- ထိုသို့ တွက်ချက်ရာ၌ Kitchen အတွင်းမှ အနည်းဆုံး 180 CMH ရှိသော လေပမာဏ (သို့) 20 air change per hour ထက် မနည်းသော လေကို စွန့်ထုတ်သင့်သည်..
Commercial Kitchen များ၌ Island Canopy hood များကို ပိုမို အသုံပြုမူသည်.. သိုသော် Island hood အတွက် ဖယ်ရှားရန် လိုအပ်သော Exhaust Air သည် အခြား Kitchen hood များထက် ပိုမိုသည်.. ထိုကြောင့် Commercial Kitchen Ventilation အတွက် Flow rate တွက်ချက်ရာတွင် - Kitchen အတွင်း၌ တပ်ဆင်မည် Kitchen appliance ကို သိရှိပါကIsland hood (သို့) CMH or CFM per linear length of hood နည်းကို ယူ၍ တွက်ချက်နိုင်သည်.
အသစ်ဆောက်လုပ်သော Commercial Building များတွင် Kitchen Ventilation အတွက် Design ပြုလုပ်ရာတွင် Kitchen Appliances များ၏ Size နှင့် capacity များ ကို သိရှိရန်မှာ မလွယ်ကူချေ.. အကြောင်းမှာ Design stage တွင် ၎င်း Kitchen appliances များကို အများအားဖြင့် မရွေချယ်ရသေးပေ.. ထိုကြောင့် ကနဦး Kitchen Ventilation အတွက် exhaust flow rate ကို Air change rate ဖြင့်သာ တွက်ချက်သည်သာ များသည်..
Option 1- Calculation of Kitchen Ventilation with SS 553
အကယ်၍ Kitchen appliance type ကို သိရှိသည် ဆိုပါစို့..
Data -
Kitchen Hood Type - Island Canopy
Kitchen Hood Size (m)- 10 (L)x 1(W) x 1.2(H)
Cooking - Heavy duty cooking
အထက်ပါအတိုင်း အချက်အလက် ရရှိပါက အောက်ပါ formula ကို အသုံးပြု၍ Kitchen ခန်း အတွင်းမှ ဖယ်ထုတ်ရန် လိုအပ်သည့် exhaust flow rate ကို တွက်ချက်နိုင်သည်..
Q = 1.4 V × 2 ( L + W ) H × F
Q = the exhaust flow rate, (m3/s)
V = Capture velocity - (0.30 to 0.7 m/s) for commercial type kitchens
L = Length of cooking surface, m
W = Width of cooking surface, m
H = Distance of hood to emitting surface (maxi), m
F = 1.0 For heavy duty, high temperature, grease burning , deep-fat cooking
F = 0.7 for light duty, medium and low temperature cooking
Q = 1.4 V × 2 ( L + W ) H × F
Q = 1.4 x 0.3 x 2 (10 + 1) 1.2 x 1
Q = 12.01 m3/s
Q = 43,545 CMH

Option 2- Calculation of Kitchen Ventilation with SMACNA*
အကယ်၍ Kitchen appliance type ကို သိရှိသည် ဆိုပါစို့..
Data -
Kitchen Hood Type - Island Canopy
Size (m)- 10 (L)x 1(W) x 1.2(H)
အောက်ပါ formula ကို အသုံးပြု၍ Kitchen ခန်း အတွင်းမှ ဖယ်ထုတ်ရန် လိုအပ်သည့် exhaust flow rate ကို တွက်ချက်နိုင်သည်..
Q = 254 × (2W +2L) X H
Q = 254 x ( 2 x 1 +2 x 10 ) x 1.2
Q = 6, 705.6 l/s
Q = 24, 140.2 CMH

Option 3- Calculation of Kitchen Ventilation with SS 553, SCDF & NEA*.
အကယ်၍ Kitchen appliance type ကို မသိရှိဟု ဆိုပါစို့..Kitchen ၏ အခန်း ထုထည်ကိုသာ သိရှိပါက Air Change Rate per hour နည်းဖြင့် တွက်ချက်ရသည်.
Kitchen ခန်း အတွက် အနည်းဆုံး ဖယ်ထုတ်ရန် လိုအပ်သော Air change rate- 20
Data -
- Kitchen Room Size = 20 (L) x 10(W) x 4(H)
- Air Change rate for Kitchen in Operation = 20
အောက်ပါ formula ကို အသုံးပြု၍ Kitchen ခန်း အတွင်းမှ ဖယ်ထုတ်ရန် လိုအပ်သည့် exhaust flow rate ကို တွက်ချက်နိုင်သည်..
Q = n x V
where
Q = Exhaust air flow rate (m3/hr)
n = air change rate per hour
V = volume of the room (m3)
V = 20 x 10 x 4 = 800 m3
Q = 20 x 800 = 16,000 CMH
အထက်ပါ တွက်ချက်နည်းများ အရ Kitchen အခန်းအတွက် လိုအပ်သော အနည်းဆုံး လေပမာဏ ကို Design ပြူလုပ်နိုင်သည်...

credit to Soe Naing Win

SMACNA=Sheet metal & Air Conditioning Contractors’ National Association

SCDF      = Singapore Civil Defence Force

NEA= National Enviroment Agency