Friday, 27 March 2015

HVAC နှင့်မိတ်ဆက်ခြင်း

HVAC အခြေခံ လိုအပ်ချက်တွေ ကို မိတ်ဆက်ပေးဘို့ရည်ရွယ်ချက်နဲ့ တင်ပြထားတာပါ။



  1. Introduction
    • ဒီဇိုင်း ရေးရာပြဿနာ တွေကို အဖြေရှာတဲ့ အခါ၊ အဖြေကို သတ်သတ်မှတ်မှတ် ပြောနိုင်ဘို့ ခက်ပါတယ်။ အထူးသဖြင့် ခုမှလုပ်ငန်းခွင်ထဲ ရောက်လာတဲ့ အင်ဂျင်နီယာ အဖို့ ဘယ်နေရာ ကနေ စရှင်းရမလဲ ဆုံးဖြတ်နိုင်ဘို့ ဆိုတာ အင်မတန် ခက်ခဲ တဲ့ အလုပ်တစ်ခုပါ။
    • ပြဿနာ ကိုက တိတိကျကျ သတ်မှတ်ချက် ရှိချင်မှ ရှိမယ်။ လိုအပ်တဲ့ Design Parameters (ဒီဇိုင်း အချက်အလက်) အချို့ ပျောက်ချင်ပျောက် နေမယ်။ အဖြေတွေ ကလည်း တစ်ခုမက။ အခြေအနေ၊ ပိုင်ရှင်၊ နေရာပေါ် လိုက်ပြီး တချို့အဖြေတွေက အခြား အဖြေတွေ ထက် ပိုကောင်းချင် ကောင်းပါမယ်။ မှားတယ်၊ မှန်တယ် ပြောလို့ရတာ မဟုတ်ပါဘူး။ တစ်ချို့လူတွေ အတွက် တစ်ချိန်ချိန် မှာ အဖြေ တစ်ခုက အခြား အဖြေ တွေထက် ပိုကောင်း ချင်ကောင်း နေတာကိုး။
    • ဘယ်အချိန်၊ ဘယ်သူ့အတွက် ဘယ်ဟာ က အသင့်တော်ဆုံးလဲ၊ ဘာကို ရွေးချယ် သင့်လဲ ဆုံးဖြတ် နိုင်ဘို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ လုပ်ဖော်ကိုင်ဖက် တွေဆီက ရဲ့ အမြင် ကို တောင်း ခြင်း ဖြင့် ကိုယ့်ရဲ့ တွေဝေ မှုကို လျှော့ချ နိုင်ပါတယ်။ ပြဿနာ တစ်ခုစီအတွက် တွေ့ထားတဲ့ အဖြေတွေရဲ့ အကောင်းအဆိုး အနည်းအများ ကို ချင့်ချိန် ပြီး အသင့်တော်ဆုံး အဖြေကို ရွေးရပါတယ်။
    • တချို့ အချက်အလက် တွေက ဒီဇိုင်း စဘို့ပေးထား ပေမဲ့ Iterative Design Process တစ်လျှောက်မှာ modification လုပ်ဘို့ ရှိနိုင်ပါတယ်။ ဥပမာ။ ။ Clients (ပိုင်ရှင်၊ အလုပ်ရှင်) နဲ့ Architects တွေက မှန်အပြည့်ကပ် ဘို့ ပြင်ဆင်ထား ပေမဲ့လို့ energy implication လိုအပ်ချက် ကြောင့် မှန် အရွယ်အစား လျှော့ပေး ရတဲ့ အခြေအနေမျိုး လည်းရှိနိုင်ပါတယ်။ Mechanical Engineer ကိုယ်တိုင်လည်း ကိုယ်လိုချင်တဲ့ အခြေအနေ အတွက် ဘယ်စနစ် က အကောင်းဆုံးဖြစ်မလဲ ရှာဖွေတွေ့ရှိစေဘို့ System Components အမျိုးမျိုး နဲ့ Control Strategies အဖုံဖုံ ကိုပေါင်းစပ်ပြီး ကြည့်နိုင်ပါတယ်။ ဒါကြောင့်မို့ ဒီဇိုင်း မှာ အဆက်မပြတ်၊ ရှေ့တိုးနောက်ဆုတ်၊ ထပ်တစ်လဲလဲ ဆန်းစစ်၊ လက်တွေ့ ရနိုင်တဲ့ Component နဲ့ Control Option တွေကို ပါင်းစပ်ပြီး Constraints (ကန့်သတ် ထားတဲ့ ဘောင်) တွေ အားလုံးထဲ ဝင်မဲ့ အသင့်တော်ဆုံး၊ အကောင်းဆုံး အဖြေကို ရှာရပါတယ်။ ဒါကြောင့် ဒီဇိုင်း လုပ်တဲ့ အထဲမှာ ထပ်တလဲလဲ ဆန်းစစ်ရတဲ့ Engineering Analysis သဘောတရား တွေပါဝင်တာ တွေ့နိုင်ပါတယ်။
    • ဒီဇိုင်း ရဲ့ ပထမခြေလှမ်း က အဖြေတွေတွေ့ နိုင်တဲ့ ဘောင်ကို အကြမ်း သတ်မှတ်ဘို့ ဖြစ်တာ ကြောင့် နောက်ခံ မရှိခဲ့တဲ့ သူတွေအတွက် ဘယ်ကစရမှန်း မသိဖြစ်တတ်ပါတယ်။ ဒီအခက်အခဲ ကို ကျော်လွှား နိုင်ဘို့ အတွက် Initial Assumption တွေကို အရင်လုပ်၊ ပြီးမှ Analysis ထပ်ထပ်လုပ် ပြီး Improve လုပ်ရပါတယ်။

    Building MEP system တွေကို Design ကောင်းကောင်း လုပ်နိုင်တဲ့ Design Engineer ကောင်းတစ်ယောက် အချိန်တိုတို အတွင်း ဖြစ်နိုင်တာ မဟုတ် သလို လွယ်လွယ်နဲ့ ဖြစ်နိုင်တာ လည်း မဟုတ်ပါဘူး။
    • ကောင်းမွန် သင့်တော်တဲ့ Theoretical Knowledge (စာတွေ့ ဗဟုသုတ) တွေ သာမက အမှန်တကယ် Practical Field Experiences (လက်တွေ့ လုပ်ငန်း အတွေ့အကြုံ ကောင်း) တွေ ရှိရပါမယ်။
    • လိုအပ်တဲ့ Engineering Design Capability သာမက ဒေသဆိုင်ရာ Governing Rules, regulations and Standard Code of Practices ( ဥပဒေ စည်းမျဉ်း စည်းကမ်းတွေ၊ လုပ်ထုံး လုပ်နည်း) တွေ ကို သိနားလည် နေရပါ မယ်။
    • Design Team ဓလေ့ ထုံးစံ Coordination Design Processes လုပ်ငန်း အဆင့်ဆင့် တွေနဲ့ ရင်းနှီး နေဘို့ လည်း လိုအပ်ပါတယ်။ Team အတွင်း မှာ သာမက ပတ်သက်တဲ့ Clients နဲ့ရော Other Related Parties တွေနဲ့ပါ Interaction / Coordination (ညှိနှိုင်းရတာ၊ အထပ်ထပ် အခါခါ ဆွေးနွေးရတာ၊) တွေ ရှိတာ မို့ Communication Skill လည်း အထိုက်အလျှောက် လိုအပ်ပါတယ်။ နောက် ထပ်တလဲလဲ ပြန်လုပ်ရတာ ရယ်။ သေသေချာချာ ပြီးပြီ ဆိုမှ Client ဆီက မီးနီ အပြခံရတာတွေ ကလည်း မရိုးနိုင်တာ မို့ သီးခံ ရည်ရှိဘို့နဲ့ စိတ်ရှည်ဘို့လည်း လိုအပ်ပါတယ်။
    • Public Safety လူတွေ အန္တရာယ် မဖြစ်အောင် ကာကွယ် နိုင်တဲ့ ဗဟုသုတ နဲ့ အတွေ့အကြုံ ရှိပြီး အမြဲ တမ်း ထည့်သွင်း စဉ်းစားနေ လည်း လိုအပ်ပါတယ်။
    • ကိုယ် မလုပ်ဘူးသေး တဲ့ စနစ်အသစ် တစ်ခု စတင် ဒီဇိုင်း လုပ်ရမဲ့ အချိန်မှာ အတွေ့အကြုံ ရှိတဲ့ အင်ဂျင်နီယာ တွေနဲ့ တွဲ လုပ်ခွင့် ရဘို့ လိုအပ်ပါတယ်။ လုပ်ငန်း အတွေ့အကြုံ ရှိလာ လေလေ၊ မြန်ဆန်လာလေလေ၊ အမှားနည်းလေလေ ဖြစ်ပါတယ်။(အစ ထဲက အမှားလုပ်ထားဘူးတာ ကို အမှန်လို့ မြင်ပြီး ထပ်မှားနေတာ မဟုတ် ခဲ့ရင် ပေါ့ လေ။)
      ဒါကြောင့် မို့ ကိုယ်တိုင် မကျွမ်းကျင် သေးတဲ့၊ လုပ်ငန်း အတွေ့အကြုံ မရှိသေးတဲ့ အလုပ်မှာ လက်တဲ့ မစမ်းကြဘို့ သတိပေးရတာပါ။ ဒါဟာ Professional Ethic Code: ထဲက ကျင့်ဝတ် တစ်ခု လည်း ဖြစ်ပါတယ်။
  2. Psychrometry
    • ကျနော် တို့ နေ့စဉ်ရှုရှိုက် နေရတဲ့ လေထဲ မှာ ရေခိုးရေငွေ့ တွေပါဝင်ပါတယ်။ ဒီလို ရေခိုးရေငွေ့ ပါတဲ့ အတိုင်းအတာ က လူတွေအတွက် ရော ကုန်ထုတ်လုပ်မှု နဲ့အခြား HVAC Applications တွေမှာ အလွန် အရေးကြီးပါတယ်။ ဒါကြောင့်မို့ HVAC ဒီဇိုင်းတွေ အကြောင်း ကိုမစခင် သိသင့်တဲ့ လေ နဲ့ ရေငွေ့ mixture ရဲ့ Physical And Thermodynamic Properties တွေကို လေ့လာရတဲ့ Psychrometry ကိုအရင် ကြည့်ကြရအောင်။
      1. Dry-Bulb Temperature (Tdb) လေထဲမှာ သာမိုမီတာ ရိုးရိုးထားပြီး တိုင်းလို့ရတာ။ (radiation and moisture ကနေ ကာထားပြီးတော့ ပေါ့။ သာမိုမီတာ ရဲ့ Bulb ကခြောက်သွေ့နေရတာ မို့ Dry-Bulb Temperature (Tdb)လို့ ခေါ်ပါတယ်။
      2. Wet-Bulb Temperature (Twb): ရေစိုနေတဲ့ အဝတ်ပတ်ထား တဲ့ Bulb ပါတဲ့ သာမိုမီတာ ကို လေထဲမှာ အသားကုန် မွှေ့ပြီး တိုင်းလို့ ရတာကတော့ Wet-bulb temperature ပါ။ Dry-Bulb နဲ့ Wet-bulb temperature ရဲ့ ခြားနားချက် က လေထုရဲ့ ခြောက်သွေ့မှု ဘယ်လောက်ရှိမလဲ ပြပါတယ်။ ခြားနားချက် များလေ ပိုခြောက်သွေ့လေပါပဲ။
      3. Water Vapor Saturation: လေဟာ အပူချိန်တစ်ခုမှာ ရေငွေ့ ကို အတိုင်းအတာတစ်ခု အထိပဲ လက်ခံနိုင်ပါတယ်။ (Standard Atmospheric Pressure & Temperature နဲ့လည်းပတ်သက်တာ မို့ ပင်လယ်ပြင် အထက်အမြင့် ဘယ်လောက် လဲ ဆိုတာ နဲ့ လည်းဆိုင်ပါတယ်။) အပူချိန် တစ်ခုမှာ အများဆုံး ထိန်းသိမ်း နိုင်တဲ့ ပမာဏ ကိုရောက်တာ ကို Water Vapor Saturation လို့ခေါ်ပါတယ်။ ဒီအခြေအနေ မှာ Fog (မြူဆိုင်း) တာကိုတွေ့ရပါမယ်။
        လေရဲ့အပူချိန်များလေ၊ ရေငွေ့ ကို ပိုထိန်းနိုင်လေ ဖြစ်ပါတယ်။
        အပူချိန် လျော့လာလို့ ထိန်းနိုင်တဲ့ ပမာဏ ထက်နည်းလာရင် Condense ဖြစ်ရပါတယ်။ (တိမ်ကနေ မိုးဖြစ်သလိုပေါ့။)
      4. Air Pressure ကိုကြည့်ရင် Dry Air (ခြောက်သွေ့လေ) နဲ့ Water Vapor (ရေငွေ့) နှစ်ပိုင်း ခွဲ လို့ ရပါတယ်။
                P = Pa + Pv
            Pa = Partial Pressure of Dry Air
            Pv = Partial Pressure Of Water Vapor
      5. Saturation Pressure (Pg) လေထုထဲမှာ Water Vapor Saturation (ရေငွေ့ ပြည့်ဝ) ဖြစ်နေတဲ့ အချိန် မှာရှိတဲ့ Pressure ကို တော့ Saturation Pressure (Pg) လို့ခေါ်ပါတယ်။
      6. Humidity ratio (ω) ဆိုတာကတော့ လေထဲမှာ တကယ်ရှိ နေတဲ့ ရေငွေ့ အလေးချိန် နဲ့ အဲဒီ့ လေ လုံးဝ ခြောက်သွေ့ နေစဉ် ရှိမဲ့ အလေးချိန် နှစ်ခု ကို အချိုးချ ထားတာပါ။
                ω = mv / ma   (or)     ω = 0.622 Pv / Pa = 0.622 Pv / (P - Pv)
            mv = Mass of Water Vapor
            ma = Mass of Dry Air
      7. RH (relative humidity) ဆိုတာကတော့ လေထဲ မှာ ရှိနေတဲ့ Partial Water Vapor Pressure (Pv)နဲ့ ဒီလေ ဒီ dry-bulb temperature မှာ အများဆုံး ထိန်းထား နိုင်မဲ့ Saturation Pressure (Pg)တို့ကို အချိုးချ ထားတာပါ။ ရာနှုန်း (%) နဲ့ပြလေ့ရှိပါတယ်။
                RH = Pv / Pg (× 100%)
      8. Dew Point (Tdp) ရေခဲ ထည့်ထားတဲ့ ဖန်ခွက်ထဲ အပြင်ဘက်မှာ ရေငွေ့လေးတွေ တွဲလောင်းခိုနေတတ်တာ တွေ့ဘူးကြမှာပါ။ ဒီလို ရေ Condense စဖြစ်နိုင်တဲ့ အပူချိန် ကိုတော့ Dew point လို့ခေါ်ပါတယ်။ အရာဝတ္ထု တစ်ခုရဲ့ အပူချိန် ဟာ လေ ရဲ့ Dew point ထက်လျော့တဲ့ အခါမှာ ရေငွေ့ တွေ condense ဖြစ်လို့ သူ့မှာ ချွေးထွက်သလို ရေတွေကပ် လာပါတယ်။ မနက်စောစော အပင်က အရွက်တွေ မှာ နှင်းပေါက်လေးတွေ ကပ်နေတာ နဲ့ တူတာမို့ Dew Point လို့ခေါ်တာပါ။
                Tdp = Tsat    at     Pg = Pv
      9. Specific Volume (v) ဆိုတာကတော့ လေ 1 unit mass မှာရှိတဲ့ Volume (ထုထည်) ကိုခေါ်တာပါ။
      10. Enthalpy(h) ဆိုတာက သုံးလို့ရတဲ့ Total Useful Energy ကိုခေါ်ပါတယ်။
      11. Sensible Heat ဆိုတာ အပူချိန် မတူညီမှုကြောင့် စီးဆင်း၊ ကူးပြောင်းတဲ့ Heat ကိုခေါ်ပါတယ်။ Heating Process နဲ့ Cooling Process တွေက Sensible Processes တွေပါ။
                QS = m × c × ΔT
      12. Latent Heat လေထဲက ရေငွေ့ ကိုဖယ်တာ (သို့) ထပ်ထည့်တာ လုပ်တဲ့ အခါ ရေငွေ့ကနေ ရေ (သို့) ရေကနေ ရေငွေ့ ဖြစ်အောင် ပြောင်းရပါတယ်။ Latent Heat ဆိုတာက အပူချိန်မပြောင်းပဲ ပုံစံပြောင်းဘို့ လိုအပ်တဲ့ Heat ပါ။
        1. Fusion (အခဲ အရည်ပျော်)
        2. Evaporation (အရည်ကနေ အငွေ့ပဲ ပြောင်း)
        3. Condensation (အငွေ့က နေ အရည် ပြောင်း)
        4. Freezing (အရည်ခဲခြင်း)
        အရည် -အငွေ့ အပြန်အလှန် ပြောင်းတာကို Air Conditioning မှာ အဓိက တွက်ချက်ရပြီး အရည် -အခဲ အပြန်အလှန် ပြောင်းတာကို Refrigeration မှာအဓိက တွက်ချက်ရပါတယ်။ ရေရဲ့ Latent Heat က Sensible Heat ထက် အဆပေါင်းများစွာ ပိုပါတယ်။ ဥပမာ Std Atm Pressure မှာ ရေ 0ºC မှာပျော်ဘို့ လိုအပ်တဲ့ Heat Quantity (Latent Heat of Fusion) ဟာ Sensible Temperature 1 ºF ပြောင်းဘို့လိုတဲ့ Specific Heat Capacity (cp) ရဲ့ ၁၄၄ ဆရှိပါတယ်။ Latent Heat of Vaporization ကတော့ ၉၇၀.၃ ဆတောင်ရှိပါတယ်။ ဒါကြောင့် Latent Heat ပါလာရင် သတိထားရပါတယ်။
                QL = m × Δhfg
      13. Psychrometric Chart
        အောက်မှာ Psychrometric Chart ကိုလေ့လာကြည့်ဘို့ ပေးထားပါတယ်။
        • HVAC Engineer တွေအတွက် ဒီ Chart က အမြဲတန်း လိုသုံးစွဲ ရပါတယ်။ Solution တစ်ခုအဖြေရှာတိုင်း Psychrometric Chart ပေါ်တင် ကြည့်နိုင်ပါတယ်။ HVAC Processes အားလုံး ကို ဒီနည်းနဲ့ Analyse လုပ်ရတာပါ။
        • S.I Unit နဲ့ ရှိသလို I.P Unit နဲ့လည်း ရှိပါတယ်။ အများဆုံး သုံးတာ က Sea Level Chart ဖြစ်ပြီး လိုအပ်လို့ Other Altitute က Chart တွေကို လိုချင်ရင် တော့ ASHRAE (www.ashrae.org ) ကနေမှာယူနိုင်ပါတယ်။
        • အများဆုံး သုံးကြတာ က "ω-t" (omega-t) chart ပါ။ Dry Bulb Temperature (Tdb) က abscissa (x-axis) မှာမှတ်ထားပြီး humidity ratios (ω) ကို ordinates (y-axis) မှာတင်ထား တာပါ။
        • ဒီ Chart ကိုသုံးဘို့ six independent properties (Tdb, Twb, RH, humidity ratio, specific enthalpy, and specific volume) ထဲက နှစ်ခုကို သိဘို့ လိုအပ်ပါတယ်။
        • Space Condition တစ်ခု ကိုသိရင် သူကို Psychrometric Chart ပေါ်တင်ကြည့်ရင်

          • Dew Point: Tdp: Space Condition ကနေ Horizontal အတိုင်း ဘယ်ဘက် တည့်တည့် သွားပြီး Saturation Line ကိုထိတဲ့ နေရာ က အဲဒီ Space ရဲ့ Dew point temperature ပါ။ အဲဒီ Space ထဲမှာ Condensate ဖြစ်နေတဲ့ အရာဝတ္တု ရဲ့ အပူချိန် ဟာ Dew Point အောက် မှာ ရောက်နေလို့ ပါ။
          • Humidity ratio (or) absolute humidity W Space Condition ကနေ Horizontal အတိုင်း ညာဘက် တည့်တည့် သွားပြီး Vertical Coordinate ကိုထိတဲ့ နေရာ မှာဖတ်လို့ ရပါတယ်။ ပုံမှန်အားဖြင့် Dry Air ကို Reference လုပ် ပေးထားလေ့ရှိပါတယ်။
            HVAC Engineer တွေ ဒီ Humidity Ratio နဲ့ Relative Humidity ဆက်စပ်ချက် နဲ့ ဒီ Humidity Ratio တစ်ခုထဲ မှာ ပဲ Tdb ပြောင်းတာနဲ့ RH အကြီးအကျယ် ပြောင်း နိုင်တာ ကို သေချာ သိဘို့ လိုပါတယ်။ ဒါမှ Humidity Control Application တွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
          • Enthalpy(h) ကိုလိုချင် ရင်တော့ ပုံမှာပြထားတဲ့ အတိုင်း ဘယ်ဘက်အပေါ် ကို ခပ်စောင်းစောင်း တက်သွားပြီး ဖတ်ရပါတယ်။ သတိထားဘို့ ကတော့ Wet Bulb Temperature နဲ့ Enthalpy နှစ်ခု က တစ်ထပ်တည်း ကျတာ မဟုတ်တာ သတိပြု ဘို့ပါ။
        • Psychrometric Calculations
          • x-scale က (Tdb: Dry Bulb Temperature) ဖြစ်တာမို့ ဒီ Scale မှာ အပြောင်းအလဲ က Sensible Heating and Cooling Process တွေပါ။
          • y-scale (Humidity Ratio) w: Absolute Humidity မို့ ဒီ Scale မှာ အပြောင်းအလဲ က Humidification/ Dehumidification လို့ခေါ်တဲ့ Latent Heat Change Process ပါ။
          • S.I Unit Calculations
            •    m³/s = A (m²) x V (m/s)
            •    qS(kW) = 1.23 x Q(m³/s) x ΔT(°C)
            •    qL(kW) = 3.0 x Q(m³/s) x ΔW (g/kgda)
            •    qT(kW) = 1.2 x Q(m³/s) x Δh
          • I.P Unit Calculations
            •    cfm = A (in2) x fpm / 144
            •    qS(Btu/h) = 1.10 x Q (cfm) x Δt (°F)
            •    qL(Btu/h) = 4,840 x Q (cfm) x ΔW (lb/lbda)
                 qL(Btu/h) = 0.68 x Q (cfm) x ΔG (gr/lbda)
            •    qT(Btu/h) = 4.5 x Q (cfm) x Δh
          • Enthalpy နဲ့ တွက်လို့ ရတဲ့ Total heat က Re-heat မပါတဲ့ Process အတွက် Sensible, Latent နှစ်ခုပေါင်း တွက်တာ နဲ့ ညီမျှပါတယ်။
          • HVAC Psychrometric Equation တွေ ကို သုံးတဲ့ အခါ Standard Air Value တစ်ခုကို အခြေခံ တွက်ချက် ကြ လေ့ရှိပါတယ်။ Dry Air Density ကို 1.2 kg/m3 (0.075 lb/ft3) [ 0.833 m3/kg (13.33 ft3/lb)] လို့ ယူတွက်လေ့ ရှိတာ ပါ။
          • This density corresponds to about 16°C (60°F) at saturation and 21°C (69°) dry air [at standard atmospheric pressure 101.325 kPa (14.696 psia)].
          • လေကပုံမှန် အားဖြင့် coils, fans, ducts, etc., တွေကို ဖြတ်တဲ့ အခါ မှာ ရှိတဲ့ density က standard နဲ့ သိပ်မကွာ တာ မို့ ပုံမှန်အားဖြင့် correction လိုအပ်လေ့ မ ရှိပါဘူး။.
          • When airflow is to be measured at a particular condition or point, such as at a coil entrance or exit, the corresponding specific volume can be read from the psychrometric chart.
  3. Air Conditioning မိတ်ဆက်။
    1. Air Conditioning ဆိုတာ ဘာလဲ။
      Air Conditioning ဆိုတာ လိုအပ်ချက် အပေါ်မူတည်ပြီး သင့်လျှော်တဲ့ ပတ်ဝန်းကျင် အခြေအနေ တစ်ခုကို ဖန်တီးပေး နိုင်ဘို့ အတွက် လေကို Process လုပ်ပေးတဲ့ စနစ် ကို ခေါ်ပါတယ်။ Process တွေကတော့
      1. Treatment (လေ ရဲ့ အပူ၊ အအေး၊ စိုထိုင်းဆ၊ စတာတွေကို လိုအပ် တဲ့ အခြေအနေ ရအောင် ပြုပြင်မွမ်းမံ ခြင်း)၊
      2. Handling (မွမ်းမံ ပြီးသား လေကို လိုအပ်တဲ့ နေရာ ရောက်အောင် ပို့နိုင်ဘို့ လေကို ထိန်းကြောင်း၊ ဖြန့်ဝေခြင်း)
      တွေ ပါ။
    2. ဘာ အတွက် Air Conditioning ကို လိုအပ် ရတာလဲ။
      ဒီစနစ် က ဖြည့်ဆီးပေး ရမဲ့ Applications (အသုံးချမှု၊ လိုအပ်ချက်တွေ) ကတော့၊
      1. Comfort Applications : နေထိုင်၊ အလုပ်လုပ်သူ တွေ သက်တောင့်သက်သာ ရှိစေမဲ့ ပတ်ဝန်းကျင် အခြေအနေ တစ်ခုကို ဖန်တီး ပေး နိုင်ဘို့ အတွက် သော်လည်းကောင်း။
      2. Industrial Applications: for Manufacturing Processes, Food, Bio-Chemical Applications or Other Industrial Applications စက်ရုံ အလုပ်ရုံ ကုန်ထုတ်လုပ်မှု၊ နဲ့ အခြား လိုအပ်ချက် တွေအတွက် သင့်လျှော် လျောက်ပတ်တဲ့ ပတ်ဝန်းကျင် အခြေအနေ တစ်ခုကို ဖန်တီး ပေး နိုင်ဘို့ အတွက် သော်လည်းကောင်း။
      3. Special Applications စပါယ်ရှယ် လုပ်ငန်းစဉ် လိုအပ်ချက် တွေကို ဖြည့်ဆီးပေးဘို့ သော်လည်းကောင်း။
      စသည်ဖြင့် ဖြစ်နိုင်ပါတယ်။
  4. Air Conditioning Processes
    1. Treatment of Air (လေကိုပြုပြင် မွမ်းမံခြင်း)။
      1. Temperature Control (အပူချိန် ထိန်းညှိခြင်း)
        • Cooling (အအေးပေး)
        • Heating (အပူပေး)
      2. Humidity Control (စိုထိုင်းဆ ထိန်း ညှိခြင်း)
        • Dehumidification (လေထဲမှ အစိုဓာတ် ကို လျှော့ချခြင်း၊ ပိုမို ခြောက်သွေ့စေခြင်း )
        • Humidification (လေထဲသို့ အစိုဓာတ် (ရေငွေ့) ထည့်ပေးခြင်း)
      3. Air Cleanliness Control
        • Filtration and Contamination Control (လေကို သန့်စင်အောင် စစ်ခြင်း၊ ညစ်ညမ်းမှုကိုထိန်းချုပ်ခြင်း)
        • Provide sufficient Outside (fresh) air (ပြင်ပလေ (လေသန့်) ကိုလိုအပ်သလို ထည့်သွင်းပေးခြင်း။)

    2. Handling of Air
      1. Air Movement Equipments (လေကို တွန်းပို့ ရွှေ့ပြောင်းပေး မဲ့ စက်ပစ္စည်း များ)
        • Fan, (ပန်ကာ)
        • AHU (Air Handling Units)
        • FCU (Fan Coil Units), etc.
      2. Air Transportation Equipments (လေကို သယ်ဆောင်၊ ပို့လွှတ်ပေး မဲ့ ပစ္စည်းကိရိယာများ။)
        • Duct
        • Flow Control Devices
        • Terminal Devices, etc.
  5. Air Conditioning Applications
    1. Comfort for Occupants (နေထိုင်သူ တွေ သက်တောင့်သက်သာ ရှိစေရေး။)
      လူတွေ သက်တောင့်သက်သာ ရှိစေဘို့ နဲ့ စိတ်ချမ်းမြေ့ စေနိုင်ဘို့ က လူတွေရဲ့ အာရုံငါးပါး နဲ့ရော စိတ္တအာရုံ နဲ့ပါ ဆိုင်ပါတယ်။ လူအမျိုးမျိုး၊ အကြိုက် အထွေထွေ မို့ လူတွေ အားလုံး (ရာနှုန်းပြည့်) နှစ်သက် မဲ့၊ သက်တောင့် သက်သာ ရှိ နိုင်မဲ့ အခြေအနေ ကို ဖန်တီး နိုင်ဘို့ က မလွယ်ပါဘူး။ ဒါကြောင့် အများစု (၈၀% နဲ့ အထက်လောက်) လက်ခံနိုင်မဲ့ (ဝါ) နှစ်သက်မဲ့၊ သက်တောင့်သက်သာ ရှိစေမဲ့ ပတ်ဝန်းကျင် အခြေအနေ ကို ဖန်တီး နိုင်ဘို့ပဲ ကြိုးစား ရပါတယ်။ ဒီ အထဲ က Thermal Comfort အကြောင်း ကို အသေးစိတ် သိချင်ရင် တော့ ASHRAE Standard 55: Thermal Environmental Conditions for Human Occupancy မှာ လေ့လာနိုင်ပါတယ်။ ASHRAE Online Learning က Short Courses ထဲ မှာ ASHRAE 55 ကနေထုတ်နုတ် ထားတဲ့ HVAC Systems: Thermal Comfort (I-P) ကို Free ပေးထားပါတယ်။ ပိုက်ဆံ ပေးစရာ မလိုပဲ Free လေ့လာနိုင်ပါတယ်။
      1. Activity Level (လှုပ်ရှားမှု၊ လုပ်ဆောင်မှုများ။)
        • အိပ်နေတာလား၊ စာဖတ်နေတာလား၊ ထိုင်ပြီး နားနားနေနေ နေမှာလား၊ အေးအေးဆေးဆေး လုပ်မှာလား၊ လှုပ်လှုပ်ရှားရှား များများ လုပ်ဘို့လိုအပ်လား၊ အင်အားစိုက်လုပ်ရမဲ့ အလုပ်လား၊ အားကစား လုပ်တာလား၊ ပေါ်မူတည်ပြီး ခန္ဓာကိုယ် ရဲ့ Metabolic Heat Generation နဲ့ Thermal Comfort က ဆက်စပ်ချက် ရှိပါတယ်။
        • ဥပမာ။ ။ ကပွဲ အခန်းတစ်ခု ထဲမှာ ထိုင် စကားပြောနေတဲ့ သူက ချမ်းလို့ Temperature နိမ့်တယ်လို့ ထင်နေတဲ့ အချိန်မှာ Dancing လုပ်နေတဲ့ လူတွေ က Temperature ချပေးရင် ပိုကောင်းမယ် လို့ ခံစားချင် ခံစားရပါမယ်။
      2. Clothing (အဝတ်အစား အထူအပါး။)
        • ဝတ်ဆင် ထားတဲ့ အဝတ်အစား အထူအပါး ကလည်း Thermal Comfort နဲ့ဆက်စပ်ချက် ရှိပါတယ်။
        • ဒါကြောင့် ASHRAE 55-2004 မှာ ရာသီဥတု နဲ့ ခွဲခြားခဲ့ရာ ကနေ Clothing Insulation Value (clo) နဲ့ပြောင်းလဲ သတ်မှတ်လာတာ တွေ့ရပါတယ်။
      3. Occupants' Expectations (လူတွေ ရဲ့ မျှော်လင့်ချက်၊)
        လူတွေရဲ့ မျှော်လင့်ချက် က လည်း အခန်း၊ နေရာ ရဲ့ သက်တောင့်သက်သာ ရှိနိုင်မှု အပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ပူပြင်းတဲ့ နေ့တစ်နေ့ မှာ ဖြစ်လာနိုင် တဲ့ ဖြစ်ရပ် သုံးခု ကို စဉ်းစား ကြည့်ရအောင်။
        1. လေအေးစက် တတ်ထားတဲ့ ရုံးခန်းထဲ ကို လျောက်ဝင်လာတဲ့ သူ တစ်ယောက် ဟာ သူ့မှာ Thermally Comfortable ဖြစ်ရမယ် လို့ မျှော်လင့်ပါ လိမ့်မယ်။
        2. ခန်းနားတဲ့ ဟိုတယ်ထဲ ကို ဝင်ရောက် လာတဲ့ သူ အတွက်တော့ အပြင်မှာ ဘယ်လောက်ပူပူ အထဲ မှာ အေးနေရမယ် လို့ မျှော်လင့်မှာပါပဲ။
        3. ပြူတင်းပေါက် တွေ ဖွင့်ထား ပြီး Natural Ventilation ပဲရှိတဲ့ သာမန် လူနေအိမ် တစ်ခု ထဲ ကို လျောက်ဝင် လာတဲ့ သူကတော့ အေးစိမ့်နေတဲ့ အခြေအနေ ကို မျှော်လင့်မှာ မဟုတ်ပါဘူး။ အပြင်ကထက် စာရင် ပိုအေးမှာ ပဲ ဆိုတဲ့ ခံစားချက် ရှိကောင်းရှိနိုင်ပေမဲ့ လေအေးစက် တတ်ထားတဲ့ ရုံးခန်း လို၊ ခန်းနားတဲ့ ဟိုတယ်လို မျိုး မျှော်လင့်ချက် တော့ ထားမှာ မဟုတ်ပါဘူး။
      4. Air Temperature ( အပူ အအေး မျှတ ရမယ်။)
        အပူအအေး လိုအပ်ချက် က နေထိုင်သူတွေ ရဲ့ အဝတ်အစား နဲ့ လုပ်ဆောင်မှုများ ပေါ်လည်းမူတည်ပါတယ်။
        • အကြမ်းအားဖြင့် အဝတ်အစား ပေါ့ပေါ့ပါးပါး ဝတ်ထားတဲ့ သူအတွက် 77 °F (25 °C) လောက်မှာ လူတွေ နေသာထိုင်သာရှိပါတယ်။ ဥပမာ။ ။ နွေရာသီမှာ အဝတ်အစား ပေါ့ပေါ့ပါးပါး။
        • ဆောင်းရာသီမှာ အဝတ်ထူထူ ဝတ်ဆင်တတ် ကြတာ ကြောင့် Heating လုပ်တဲ့ အခါ နွေရာသီမှာ လောက်မလိုပဲ 72 °F (22.2 °C) လောက်ကို မှန်းပြီး ဒီဇိုင်း လုပ်စရာ လိုပါတယ်။
        • Cooling Application မှာ ပတ်ဝန်းကျင် က Radiation Heating effect ပါလာခဲ့ ရင်သူ့ကို Compensate လုပ်ဘို့အတွက် Temperature ကို ချပေးရပါတယ်။
        • Tolerance ကိုတော့ လိုအပ်ချက် ကို လိုက်ပြီး သတ်မှတ်ရပါမယ်။ သေချာ ကြိုတင် သတ်မှတ် ပြီးသား မရှိခဲ့ ရင်တော့ အများ လက်ခံနိုင် လောက် မဲ့ ±4°F (appx ±2 °C) လောက် ထားရပါ လိမ့်မယ်။

      5. Relative Humidity (RH) (လေရဲ့ စိုထိုင်းဆ မျှတရမယ်။)
        • ပုံမှန်အားဖြင့် RH 30% ကနေ 60% အတွင်း မှာရှိနေရင် လူတွေ လက်ခံ နိုင်ပါတယ်။
        • RH 60% ထက်ကျော်ရင် တော့ ချွေးအငွေ့ပြန်ရ ခက်တာ မို့ အိုက်စပ်စပ် ကြီးဖြစ် ရုံသာ မက၊ မှိုတက်၊ မှိုစွဲ အားပေးတဲ့ အခြေအနေ ကြောင့် Indoor Air Quality (လေရဲ့ သန့်ရှင်းမှု ကိုထိခိုက်စေ ပါတယ်။)
        • 30% အောက်ဆိုရင် လည်း လူတွေရဲ့ အသက်ရှူ လမ်းကြောင်း ကိုခြောက်သွေ့စေတာ မို့ အသက်ရှူရ ခက်ရုံ သာ မက၊ Static Electricity Charge (လူခန္ဓာကိုယ် မှာ လျှပ်စစ် ဓာတ်ဝင်တဲ့ ပြဿနာ) ရှိလာနိုင်ပါတယ်။ ဒါ့အပြင် အချို့လူတွေ နှာခေါင်းသွေး လျှံ တာကိုလည်း ဖြစ်စေနိုင် ပါတယ်။ ဆောင်းတွင်း မှာ (အထူးသဖြင့် အပူပေးစက် Heater ဖွင့်ရင်) နှာခေါင်းသွေး လျှံ တာ က Humidity နည်းလို့ ဖြစ်ရတဲ့ အကျိုးဆက် တစ်ခုပါ။
        • ASHRAE 55-2004 အရ Normal Comfort အတွက် Acceptable Range of Operative Temperature သတ်မှတ်ချက် တွေ က အရင်က နဲ့ မတူတော့ပါဘူး။ Normal Comfort အတွက် Humidity Ratio ကို Upper Limits 0.012 (kg/kg or lb/lb dry air) နဲ့ သတ်မှတ်ထားပြီး Lower Limit သတ်မှတ်ချက် မရှိပါဘူး။ (ဒီ အခြေအနေ ကိုယူသုံးတဲ့ အခါ အထက်မှာ ဖေါ်ပြခဲ့တဲ့ RH အနည်းအများကြောင့် ဖြစ်လာနိုင်တဲ့ Consequences တွေကို ပါ သတိထား ရပါမယ်။)

      6. Air Movement / Air Flow (လေရဲ့ ရွေ့လျှားမှု နှုန်း သင့်တော်ရမယ်။)
        • Air Flow လေက မရွေ့ပဲငြိမ်နေရင် အပူကူးရ ခက်ရုံမက ချွေး အငွေ့ပြန်ဘို့ မလွယ်တာ မို့ အိုက်စပ်စပ် ကြီးဖြစ် နေပါလိမ့်မယ်။ Stuffy [ V < 0.05 m/s (10 fpm) ]
        • လေတိုးတာ များရင်လည်း လေစိမ်းတိုက် သလိုခံစားရပါလိမ့်မယ်။ Drafty [ V > 0.25 m/s (50 fpm)]
        • ASHRAE Standard 55-2004 မှာတော့ 40 fpm (0.2m/s) ထက်ကျော်ရင် Draft ကိုခံစားရမယ် လို့ ဆိုပါတယ်။ ကိုယ်တိုင် Fan Control လုပ်နိုင်ရင်တော့ Elevated Air Speed လို့ခေါ်တဲ့ 160 fpm (0.8 m/s) လောက်ရှိတဲ့ Draft ကို လူတွေ ခံနိုင်ပါတယ်။ ကိုယ်ပိုင် စားပွဲတင် ပန်ကာ သုံးသလို ပါ။ ဒါပေမဲ့ တစ်စုံ တစ်ယောက် ကပဲ control လုပ်နိုင်မယ် ဆိုရင်တော့ အခြားသူ တွေ comfort ဖြစ်ချင်မှ ဖြစ်မှာပါ။
        • Heating applications တွေ မှာတော့ Draft နည်းနေဘို့ လိုအပ် ပါလိမ့်မယ်။ ဒါကြောင့် လေကို သမအောင်မွှေ ပြီး ညင်သာစွာ ထုတ်ပေးတဲ့ Undamped Diffuser တွေ ကို လူတွေ သဘောကျတာ ဖြစ်ပါတယ်။ Undamped Diffuser တွေက Cooling Applications တွေမှာတော့ အသုံး သိပ်မတဲ့ တာ သတိထားပါ။
        • လူတွေရဲ့ တုန့်ပြန်မှု ကိုလေ့လာမှု တွေ အရ လူတွေ က Cold Air Draft ကို လပူရဲ့ Warm Air Draft ထက် ပိုပြီး ခံစားမိ နိုင်တယ် လို့ဆိုပါတယ်။ ဒါကြောင့် လေရဲ့ velocity အတူတူပေးပေ မဲ့ အအေးပေး ရတဲ့ နွေမှာ အပူပေးရတဲ့ ဆောင်းတွင်းထက် ပိုပြီး Complaints တက်လေ့ ရှိတတ် ကြကြောင်း လည်း ဆိုပါတယ်။
      7. Indoor Air Quality (လေဟာ သန့်ရှင်း လတ်ဆတ် ရမယ်။)
        • Sufficient Oxygen (အောက်ဆီဂျင် လုံလုံလောက်လောက် ရှိရမယ်။)
        • Absence of Dust, Pollen, Odors, Hazardous Material ( အန္တရာယ်ဖြစ်စေ နိုင်လောက်သော ဖုန်၊ ဝတ်မှုန်၊ အနံ့၊ ဓာတ်ငွေ့၊ ပစ္စည်း များ ကင်းစင်စေရမယ်။)
        • Pressure Cascading (Clean to Dirty) / Air Flow Balance (ညစ်ပတ်နံစော် နေတဲ့ လေတွေ လူတွေ အနေများတဲ့ နေရာ ကို ရောက်မလာ နိုင်ဘို့ လေရဲ့ ဖိအားကို ထိန်း၊ လေအသွင်း အထုတ် ကို မျှအောင်လုပ်။ ဥပမာ။ ။စားသောက် ခန်းကို လေသန့် ဖိသွင်းပြီး၊ မီးဖိုဆောင်က နေ လေကို စုတ် သန့်စင်အောင် Treatment လုပ်၍ လေသန့်ယူတဲ့ Outdoor Air Intake Louver နဲ့လည်းမနီး ဖြတ်သွားဖြတ်လာ လူအများကို လည်း အနှောင့်အယှက် မဖြစ်နိုင်တဲ့ နေရာကနေ အပြင်သို့ စွန့် ထုတ်ခြင်းဖြင့် ညှော်နံ့များ စားသောက်ခန်း သို့ မရောက်။ အိမ်သာ မှ လေကိုလည်း ဒီနည်းအတိုင်း သင့်တော်သော နှုန်းဖြင့် Exhaust စုတ်ထုတ်၊ လိုအပ်တဲ့ Replenish Air လေကို Door Louvers, Door Undercut (or) Pass Duct တွေကနေ ယူ ခြင်းဖြင့် အနံ့အသက်များ အခြားအခန်း သို့ အနံ့ မပြန့်။
        • ဆေးရုံက Infection Control (ကူးစက်ရောဂါ ထိန်းချုပ်မှု) လိုအပ်တဲ့ အခန်းတွေ၊ မှာ အခန်းရဲ့ လိုအပ်ချက်ကို လိုက်ပြီး လေကို 1μm လောက်အထိ စစ်ပေးနိုင်တဲ့ High Efficiency Particulate Air (HEPA) Filter တွေနဲ့ Ultra Low Penetration (ULPA) Filter ကိုသုံး ပေးရပါတယ်။ ဒီ Filters တွေကို စနစ်တကျ တပ်ဆင်ဖြုတ်သိမ်း ဘို့ Protocols တွေကိုလည်း လိုက်နာရပါမယ်။ ယိုပေါက် က အပ်ပေါက်လောက် ကလေးပဲ ရှိစေ Contaminants တွေဖြတ်ခွင့် ရလို့ကတော့ ဘယ်လောက်ကောင်း တဲ့ Filter အမျိုးအစား ပဲဖြစ်ဖြစ် သုံးမရတော့ပါဘူး။ ဒါကြောင့်မို့ Filter Segments တစ်ခု နဲ့ တစ်ခု ကြားမှာပဲဖြစ်ဖြစ် Filter Bed နဲ့ Supporting Frame ကြားမှာပဲဖြစ်ဖြစ် ယိုပေါက် အပ်ပေါက်လောက်တောင် မရှိစေရအောင် ဂရုစိုက် ရပါတယ်။
        • Ventilation နဲ့ ပတ်သက်တဲ့ Guide Line တွေ ကိုလေ့လာချင် ရင် ASHRAE 62.1 Ventilation for Acceptable Indoor Air Quality ကို Preview သွားကြည့် နိုင်ပါတယ်။ Preview ဆိုပေမဲ့ တစ်အုပ်လုံး ကို ဖတ်လို့ရပါတယ်။ Copy ကူးလို့ မရတာ တစ်ခုပါပဲ။
          ASHRAE Publications Bookstore – Standards and Guidelines ကိုသွားပါ။ ဒီစာမျက်နှာ က Sub-Heading Preview Popular ASHRAE Standards ရဲ့ အောက် မှာ ရှိတဲ့ Standard 62.1-2007 ကို Click လိုက်ရင် Web-Preview ပေါ်လာပါလိမ့်မယ်။
      8. Thermal Radiation (အပူဖြာကူးမှု။)
        • Radiation effect from Windows, Walls, environments (ပြူတင်းပေါက်၊ နံရံ၊ ပတ်ဝန်းကျင်၊ အပူစုနေ တဲ့ နေရာ တွေက လာတဲ့ အပူဖြာကူး မှု အကျိုးဆက်) ကလည်း Cooling Application မှာ Discomfort (မသက်မသာဖြစ်မှု) ကို ဖြစ်စေနိုင်သလို အေးလွန်းတဲ့ နံရံ၊ ပြူတင်းပေါက် တွေကလည်း Heating Application မှာ Discomfort (မသက်မသာဖြစ်မှု) ကို ဖြစ်စေနိုင်ပါတယ်။
        • Radiant Heating / Cooling တွေလို စနစ်တကျ ဒီဇိုင်းလုပ် ပြီး အသုံးချ တတ်ရင်တော့ ကောင်းပေမဲ့ ပုံမှန် Cooling Application မှာတော့ အမှတ်မဲ့ ထားလို့မရ တဲ့ ပြဿနာ တစ်ခုပါ။
      9. Acoustic Criteria (dbA, NC) & Vibrations (အသံ ဆူညံမှု နဲ့ တုန်ခါမှု သတ်မှတ်ချက်။)
        • Noise level က လည်း လက်ခံနိုင်လောက် အောင် မတိုးလွန်း၊ မကျယ်လွန်း ဖြစ်ရပါမယ်။
        • အချိန်တို အတွင်းမှာ သိသိသာသာ တိုးလိုက် ကျယ်လိုက် မဖြစ်ရပါဘူး။
        • Audible Tones (ကြားသာ တဲ့ အသံအနိမ့်အမြင့်) မပါဝင်။
        • အသံ က မျှတ တဲ့ တုန်လှုပ်စရာ မရှိတဲ့ အသံ ဖြစ်ရပါမယ်။ (သိပ်ဆိုးဝါးတဲ့ ထစ်ချုန်းသံ၊ မြည်ဟည်းသံ၊ တဝီဝီ တစီစီမြည်သံ၊ တရှူးရှူးမြည်သံ တွေ မပါဝင်ရပါ။)။
        • ဆူညံမှုက အာရုံကို ပျက်ပြားစေနိုင်သလို ကိုယ့်အသက်ရှုသံ ကိုယ်ပြန်ကြား ရလောက်အောင် တိုးလွန်းတဲ့ ပတ်ဝန်းကျင် က လည်း လူကို ခြောက်ခြားစေ ပါလိမ့်မယ်။ ဒါပေမဲ့ အသံကို သတ်မှတ်ချက် ထက် ပိုမကျယ် ဘို့ပဲ အဓိကထား ကြပါတယ်။
        • အသုံးများတဲ့ စံ တွေကတော့
          1. A-Weighting (dBA)
          2. Noise Criteria (NC)
          3. Room Criteria (RC)
          dBA ကို Sound Level Meter တွေ မှာ တိုက်ရိုက် ဖတ်လို့ ရလေ့ ရှိပေမဲ့ NC (or) RC ရဘို့ ကတော့ သက်ဆိုင်ရာ Frequency တစ်ခုချင်း ကိုတိုင်းပြီး NC Chart (or) RC Chart ပေါ်ပြန် တင်ကြည့် ရပါတယ်။
        • dBA
          • dBA ကို အဆောက်အအုံ ရဲ့ အပြင်ဘက် နဲ့ အတွင်းပိုင်း အကြားအာရုံ မထိခိုက် စေနိုင်ဘို့ နဲ့ ဆူညံမှု ကိုထိန်းချုပ် ဘို့ အသုံးပြုပါတယ်။ ပတ်ဝန်းကျင် ဆူညံမှု ထိန်းသိမ်းဘို့ Site Boundary Noise Level ကို လည်း dBA နဲ့သတ်မှတ် လေ့ရှိ ပါတယ်။
          • ( OSHA) Occupational noise exposure. - 1910.95 ကိုလေ့လာ ကြည့်မယ် ဆိုရင်
            TABLE G-16 - PERMISSIBLE NOISE EXPOSURES (1)
            Duration per day, hours Sound level dBA slow responseRemark
            890
            692
            495
            397
            2100
            1.5102
            1105
            1/2110
            1/4 or less115
            အဆောက်အအုံ ရဲ့ အတွင်းပိုင်း မှာ သိပ်ဆူညံ လွန်းတဲ့ အခန်းတွေ ကို ပဲ dBA 80 ထားလို့ရပါမယ်။ ပုံမှန် MEP Equipment Room တွေကို dBA 70 မကျော် အောင် Control လုပ်သင့်ပြီး Carpark လိုနေရာမျိုးမှာ dBA 55 လောက် ကန့်သတ် ထားသင့်ပါတယ်။
        • Noise Criteria (NC) NC က အဆောက်အအုံ ရဲ့ အတွင်းပိုင်း အတွက် အဓိက အသုံးပြု တာပါ။ RC ကလည်း NC နဲ့ ခပ်ဆင်ဆင် ပါ။ RC က Low Frequency Noise ကိုထည့်သွင်း စဉ်းစားတားတာ ပါ။
          NC Level Description
          NC20-NC30 For Sleeping, Resting, Relaxing
          Bedrooms, Sleeping Quarters, Hospitals, Residences, Apartments, Hotels Motels,
          For Very Good Listening Conditions Auditoriums, Theaters, Large Meeting Rooms, Large Conference Rooms, Base Communication Centers, Churches Chapels, etc.
          NC30-NC35For Good Listening Condition
          Private Offices, Small Conference Rooms, Classrooms, Libraries, etc.
          NC35-NC40For Fair Listening Conditions
          Large Offices, Reception Areas, PX, Retail Shops and Stores, Cafeterias, Restaurants, etc.
          NC40-NC50For Moderately Fair Listening Conditions
          Lobbies, Laboratory Work Space, Drafting & Engineering Rooms, Maintenance Shops such as for electrical equipment, etc.
          NC45-NC65For minimum acceptable speech communication, no risk of hearing damage
          Kitchens, Laundries, Shops, Garages, Machinery Spaces, Power Plant Control Rooms, etc.
        • ဒီ Acoustic Criteria တွေက အနည်းငယ် ရှုပ်ထွေးတာ မို့ နောက် သီးသန့် ထပ်မံဖော်ပြပေးပါမယ်။
      10. Special Considerations
        • ဆေးရုံ၊ ကွန်ပြူတာ ခန်း၊ laboratories (ဓာတ်ခွဲခန်း) တွေရဲ့ လိုအပ်ချက် က လူတွေသက်တောင့် သက်သာ ရှိမဲ့ အခြေအနေ နဲ့ ခြားနား နိုင်ပါတယ်။
        • ဒီအခန်းတွေရဲ့ အချို့နေရာ တွေမှာ ပိုမို သင့်တော်တဲ့ အခြေအနေ ကို ဖန်တီး ပေးနိုင်ဘို့ လိုအပ်ကောင်း လိုအပ် ပါလိမ့်မယ်။
        • ဥပမာ။ ။ Printing Paper တွေဟာ RH 50% အထက်မှာ Equilibrium ရဘို့ခက်ခဲ တာမို့ Printing & Drafting Rooms (ပုံနှိပ်စက် အခန်းတွေ) ကို ဒီဇိုင်း လုပ်တဲ့အခါ RH 50% မကျော်ဘို့ သတိထား ရပါလိမ့်မယ်။
      11. Others (အခြားလိုအပ်ချက် များ။)
        • Adequate lighting (အလင်းရောင် လုံလောက်မှု။)
        • Proper furniture and work surfaces (သင့်လျှော် သော ပရိဘောဂ)
        • Spatial (သင့်တင့် လျှောက်ပတ်သော နေရာ အထားအသို။)
        • Building Integrity (အဆောက် အအုံ တောင့်တင်းခိုင်မာ ပြီး လုံခြုံစိတ်ချ ရတယ် လို့ ခံစား နိုင်ဘို့။)

        ဒီအချက်တွေက လည်း Air Conditioning System နဲ့ အထိုက်အလျောက် ဆက်သွယ်မှု ရှိနေတတ်ပါတယ်။
        ဥပမာ။ ။ Lighting နဲ့ Air-Con Diffuser Location

    2. Industrial Applications
      1. အထွေထွေ လိုအပ်ချက်
        • အသုံးပြုမဲ့ Process နဲ့ Product ရဲ့လိုအပ်ချက် ကိုလိုက်ပြီး အပူအအေး၊ စိုထိုင်းဆ နဲ့ သန့်စင်မှု လိုအပ်ချက် တွေကို Owner နဲ့ သဘောတူညီ ချက်ရယူ ဘို့လိုအပ်ပါ တယ်။ ဒီလိုအပ်ချက်တွေ နဲ့ အလုပ်လုပ်သူတွေ သက်တောင့်သက်သာ ရှိစေဘို့ ကြား မျှမျှတတ လုပ်နိုင်ရင် ပစ္စည်းရဲ့ အရည်အသွေး နဲ့ ကုန်ထုတ်လုပ်မှု စရိတ် ကို သက်သာစေမှာဖြစ်ပါတယ်။
        • အလုပ်သမား တွေ Temperature နဲ့ Humidity ဒဏ်ကြောင့် အလွန်ပင်ပန်းနွမ်းနယ် ရတာ မဖြစ်ဘူးစေ တဲ့ ပတ်ဝန်းကျင် ကို ဖန်တီးပေး နိုင်ရင် သူတို့ရဲ့ စွမ်းဆောင်ရည် တောက်လျှောက် ပိုကောင်း လာမှာ ဖြစ်ပြီး အလုပ်သမား တွေရဲ့ စိတ်ဓာတ် ကို မြှင့်တင်ပေး နိုင်ရုံမက၊ အလုပ်ကို ပေါ်မလာ တတ်တဲ့ ပြဿနာကို လည်း လျော့ကျစေမှာ ဖြစ်ပါတယ်။
      2. Process and Product Requirements
        • ထုတ်လုပ်မဲ့ Product ပစ္စည်းအမျိုးအစား နဲ့ Process လုပ်ငန်း အဆင့်ဆင့် အတွက် လိုအပ်ချက် တွေ ကို လေ့လာကြည့်ရင် တွေ့ရမဲ့ အချက်တွေ ကတော့
          • Rate of Chemical Reaction
          • Rate of Crystallization
          • Rate of Biochemical Reaction
          • Product Accuracy and Uniformity
          • Product Formability
          • Moisture Regain
          • Corrosion, Rust and Abrasion
          • Air Cleanliness
          • Static Electricity
        • ဒီလိုအပ်ချက် တွေပေါ် မူတည်ပြီး ညှိနှိုင်းသတ်မှတ် ရမဲ့ အချက်တွေကတော့
          • Temperature
          • Relative Humidity
          • Pressure Cascading / Air Flow Direction
          • Air Cleanliness & Air Flowrate
          • Process Exhausts
          • Noise & Vibration
      3. ဒီလိုအပ်ချက် တွေကို ပုံမှန် အားဖြင့် Client ကပေးလေ့ရှိ ပါတယ်။ သူတို့ Process ကို သူတို့ ပိုနားလည် တာမို့ပါ။ ဒါပေမဲ့ လိုအပ်ချက် ကိုဖြည့်နိုင် မဖြည့်နိုင် ဆိုတာ ကတော့ HVAC Engineer က သေချာစစ်ဆေး တွက်ချက် ကြည့်ရမှာ ဖြစ်ပါတယ်။
      4. Room Temperature & Humidity Control
        • များသောအားဖြင့် Space Average နဲ့ At any point of the Space (Room) ကို သတိထား ရပါမယ်။ သတ်မှတ်ချက် မရှိရင် Space Average အနေနဲ့ စဉ်းစားကြောင်း စောစောထဲ က Clarify (သေချာရှင်းပြ) ထားရပါမယ်။ ဥပမာ။
          • Space Average: (e.g. 20±1.1 °C / 50±5 %RH)
          • At any point of the Space (Room): (e.g. 20±2 °C / 50±10 %RH)
      5. Pressure Cascading / Air Flow Direction
        • လိုအပ်တဲ့ Air Flow Direction ရဘို့ စဉ်းစားရပါတယ်။
          • ပိုသန့်ဘို့ တယ် လို့ သတ်မှတ်တဲ့ အခန်း ကနေ ပဲ သူ့လောက် မသန့် တဲ့ အခန်းကို ပဲ လေစီးဘို့။
          • အန္တရာယ် ရှိနိုင်တဲ့ အခန်း ကလေ တွေ အပြင်ထွက်မလာဘို့။
        • ဒီလို လုပ်နိုင်ဘို့ အတွက် အရေးကြီး တာ က အခန်း Pressure Level ထိန်းနိုင်ဘို့ပါ။ Differential Pressure လုံလုံလောက်လောက် ရှိပြီး Leakage ဖြစ်ဘို့ လိုသလောက် ကို Air Flow အပိုပေးနိုင်ဘို့ လိုပါတယ်။ ဒီနေရာ မှာ တစ်ခု သတိထားဘို့ က Circulation Air Flowrat ထက် အခန်းရဲ့ အရွယ် နဲ့ လိုက်ပြီး Surplus Air {= Supply – (Return + Exhausts)} က Leakage ဖြစ်ဘို့ လိုတဲ့ ပမာဏ ကို ရဘို့ပါ။ ဒီ Surplus Air ရဲ့ Flowrate (Air Change / h) အနည်းအများ က Pressure Cascading အတွက် အရေးပါပါတယ်။
      6. Air Cleanliness & Air Flowrate
        • အခန်းလေ ရဲ့ Air Cleanliness (သန့်ရှင်းမှု) လိုအပ်ချက် က လည်း အရေးပါပါတယ်။ ထုတ်လုပ်မဲ့ ပစ္စည်း အနုစိတ်လေ လေသန့်ရှင်းမှု လိုအပ်လေ ဖြစ်ပါတယ်။ ဒါတွေ နဲ့ ပတ်သက်တဲ့ Cleanroom တွေ အကြောင်း ကြုံတဲ့ အခါ တင်ပြပေးပါ အုံးမယ်။ ပါဝင် နေနိုင်တဲ့ Dust particles, Bacteria, Spores, Pollen နဲ့ Radio-active particles တွေ က ထုတ်လုပ် မဲ့ Product အပေါ် ဆိုးကျိုးပေးနိုင်ပါတယ်။
        • အမှုန်အမွှား တွေ လိုအပ်ချက် အတိုင်း ကင်းစင် စေဘို့ အတွက် က Air Filtration (လေကို စစ်ခြင်း) နဲ့ Air Change Flowrate (လေ လဲ တဲ့ နှုန်း) ကို ထိန်းညှိပေး ရပါတယ်။ ဒါကြောင့် Air flowrate (times/h) ဘယ်နှုန်း နဲ့ လုပ်ရမယ် ဆိုတဲ့ သတ်မှတ်ချက် လည်း ပါတတ်ပါတယ်။ Cleanroom တွေမှာ ဒီအချက်က ပိုပြီး အရေးပါ ပါတယ်။
      7. Process Exhausts
        • ကုန်ထုတ်တဲ့ ပစ္စည်းပေါ် လိုက်လို့ ရေငွေ့ တွေ၊ ရေနွေးငွေ့ တွေ၊ အပူတွေ၊ အက်ဆစ်တွေ၊ အယ်ကာလိုင်းတွေ၊ Chemical တွေထုတ် လွှတ်နိုင်တဲ့ အခြေအနေ ရှိပါတယ်။
        • ရေငွေ့တွေ ရေနွေးငွေ့တွေ၊ အပူတွေ လက်ခံနိုင်တာထက် ပိုပြီး အခန်းထဲ ရောက်လာရင် Air Conditioning System အပေါ်ထိခိုက်စေရုံ မက အခန်းရဲ့ Room Condition Control ကိုထိခိုက်စေမှာ ဖြစ်သလို Acid, Alkaline, Chemical တွေ အခန်းထဲ ရောက်လာရင် လည်း ပြဿနာ ပေါင်းစုံ ပေးပါလိမ့်မယ်။ ဒီ ပြဿနာ တွေ ကို ဖြေရှင်းနိုင်ဘို့ ကတော့ Equipment Local Exhaust တွေထည့်ပေးဘို့ ပါ။ လေထဲ ကိုထုတ်လွှတ်ဘို့ သင့်တော်တဲ့ အခြေအနေ မရှိရင် သင့်တော်တဲ့ အခြေအနေ ရဘို့ Scrubber ကို Install လုပ်ပြီး Treatment လုပ်ပေးရပါမယ်။
      8. Noise & Vibration
        • အထဲမှာ အလုပ်လုပ်ရမဲ့ Employee တွေကို အကာအကွယ် ပေးနိုင် ဘို့ အတွက် Noise Control က အရေးကြီးပါတယ်။
        • စက် ပစ္စည်းတွေ ရဲ့ Accuracy က အရေးပါတာ နဲ့ အမျှ သင့်တော်တဲ့ Vibration Criteria တွေလည်း ပါလာ နိုင်ပါတယ်။

  6. Introduction to Design Process
    • Construction Phases (အဆောက်အအုံ ဆောက်လုပ် သုံးစွဲ ဘို့ အတွက် လုပ်ငန်းစဉ် တွေ) ကတော့
      • Design (ဒီဇိုင်း)
      • Construction (ဆောက်လုပ်)
      • Operation & Maintenance (လည်ပတ်၊ ထိန်းသိမ်း)
    • Project Team ထဲ မှာ ပါဝင်တာ တွေ ကတော့
      • Owner / Client / Developer
      • Code Enforcement Officials / Authority
      • Designers (Architects & Engineers)
      • Construction Team
      တွေဖြစ်ကြပါတယ်။ ဆောက်လို့ ပြီးသွားတဲ့ အခါမှာ Operation & Maintenance Team က ဆက်လက်ထိန်းသိမ်း လည်ပတ် သွားပါလိမ့်မယ်။
    • ဒီ O&M Period အစပိုင်း Contractor တွေနဲ့ Equipment Manufacturers တွေ မှာလည်း တာဝန်ယူ ရတဲ့ အပိုင်းအချို့ ရှိပါတယ်။ Contractors တွေတာဝန် ယူရတဲ့ Defect Liability Period ရှိသလို Equipment Manufacturers တွေ ကတော့ Warranty နဲ့ ပတ်သက်တဲ့ ကြိုတင် သဘောတူထားတဲ့ တာဝန် တွေယူရပါတယ်။
    • ဒီမှာ အဓိက ပြောရမှာ ကတော့ Design Team အကြောင်းပါ။ Design Team မှာ အဓိက ပါဝင်တာတွေ ကတော့
      • Architects
      • Structural Engineers
      • Mechanical Engineers
      • Electrical Engineers
      တို့ဖြစ်ကြပါတယ်။
    • အများအားဖြင့် Architects က ဦးဆောင် ပြီး Design Coordination လုပ် ပါတယ်။ Owner’s Requirements နဲ့ ကိုက်ညီမဲ့ လိုချင်တဲ့ ပုံစံရအောင် အကြမ်းဆွဲ လိုက် Present လုပ်လိုက်၊ MEP Engineers တွေနဲ့ လည်း Coordinate လုပ်လိုက်၊ ဂျာအေး သူ့အမေရိုက်တဲ့ ကိစ္စ လို အထပ်ထပ် အခါခါ လုပ်ရပါတယ်။
    • တစ်ပြိုင်တည်းမှာ ပဲ MEP Engineer တွေ ကလည်း ဒီ အကြမ်းထည်ပေါ် မူတည်ပြီး Load နဲ့ Capacity ကို အကြမ်း ခန့်မှန်း ပြီးတော့ လိုအပ်တဲ့ Equipment & Combination စစ်ပြီး သင့်တော်တဲ့ နေရာ တောင်းရပါတယ်။ Mechanical Engineer က ကိုယ့် Equipments အတွက်လိုအပ် မဲ့ ပါဝါ နဲ့ Control Panel ခန့်မှန်းချေ ကို Electrical Engineer ကိုပေးရပါတယ်။ MEP Engineer တွေက ကိုယ့် Equipments အတွက်လိုအပ် တဲ့ Structural Support နဲ့ Structural Loading ကို Structural Engineer ကိုပေးရပါတယ်။ ဒီကိစ္စတွေ အားလုံးက လည်း ဂျာအေးသူ့အမေရိုက်သလို ပါပဲ။
      • Owner က Comment ပေးလိုက် Architects ကပြင်လိုက်၊
      • ပြီးရင် MEP က စစ်လိုက်၊ Architects ကို ပေးလိုက်
      • Owner က စိတ် ပြောင်းသွားလိုက်။ တစ်ကပြန်စ လိုက်။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ မှန်းမသိ။
      • ဒီလို နဲ့ ဒီဇိုင်းပြီးသွားရင် တောင်မှ Owner’s Budget အတွင်း မဝင်ရင် အကြိမ်ကြိမ် ပြန်စရပါသေးတယ်။

  7. HVAC Design Process
    • Design Parameters
      ဒီဇိုင်းအတွက် လိုအပ်တဲ့ Parameter တွေကတော့
      • Outdoor Environmental Conditions
      • Desired Indoor Environmental Conditions
      • Cooling (or) Heating Loads
      • Available Control Systems
      • Available Mechanical Components
      • Building Constraints
      ဒီ လိုအပ်ချက် တွေ၊ ရနိုင်တာ တွေ ပေါ် မူတည်ပြီး သုံးစွဲ မဲ့ စနစ်တွေ ကို ရွေးချယ် ရပါတယ်။ ဒီလို ရွေးချယ်တဲ့ အခါ သင့်တော်မှု၊ စိတ်ချရမှု၊ တွက်ချေကိုက် မှု၊ တတ်နိုင်မှု တွေ ကိုပါ ထည့်သွင်းစဉ်းစား ပြီး ရနိုင်တဲ့ အချိန် သတ်မှတ်ချက် အတွင်း မှ အကောင်းဆုံး အဖြေ တစ်ခု ရအောင် တွက်ချက်၊ စဉ်းစား၊ လေ့လာ၊ ဆင်ခြင်၊ စစ်ဆေး တာတွေ လုပ်ရပါတယ်။
    • Design Phases
      ဒီဇိုင်း လုပ်ငန်းစဉ် အဆင့်ဆင့် အရ ပြီးမြောက် မှုတွေ ကို Design Phases တွေ နဲ့သတ်မှတ်ပါတယ်။ Designer ရဲ့တာဝန် က Design ပြီးရုံမှာတင် ရပ်သွားလေ့ မရှိပါဘူး။ Design လုပ်ထားတဲ့ အတိုင်း လက်တွေ့ အကောင်အထည် ပေါ်လာစေဘို့ နဲ့ ပေါ်ပေါက်လာနိုင်တဲ့ အမှားအချို့ နဲ့ အခက်အခဲ တွေ ကို ကူညီ ဖြေရှင်းပေး နိုင်ဘို့ အတွက် ဆက်ရတဲ့ တာဝန်တွေ လည်းရှိပါသေးတယ်။
      1. Program Phase
      2. Schematic Design
      3. Preliminary Design
      4. Detail Design Development (For Tender / Construction)
      5. Post Design Phase
      6. Commissioning Phase
      7. Post Occupancy Services

    1. Program Phase
      • Mechanical Engineer က HVAC Systems တွေ ကို ဒီဇိုင်း မလုပ် ရသေး ခင် Total Building Program အစီအစဉ် ချပြီးနေ ဘို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ နေရာ အရွယ်အစား၊ ကုန်ကျမဲ့ Construction Budget
      • အာဏာပိုင် အဖွဲ့ အစည်းတွေ ကို တင်ပြ ဘို့ Conceptual Drawings of the Building Size and Shape နဲ့ Utility Companies တွေ နဲ့ ညှိနှိုင်း မှုတွေ ပါဝင်ပါတယ်။ ဒါတွေသာ မက
        • ဒီ အဆောက်အအုံ ကို လက်ရှိ နဲ့ အနာဂတ် မှာ ဘယ်လို သုံးမယ် ဆိုတဲ့ Client’s Objective and Strategies တွေ ပါဝင်ဘို့ လိုအပ်ပါတယ်။ ဒါတွေကတော့ Single or Multiple-Family Dwelling, High-rise condominium or Apartments, Hotel, Office, Commercial, Industrial, Educational, Athletic, Factory or other Facility စသည်ဖြင့် ပေါ့။
        • Site ရဲ့ တည်ရှိရာ၊ Access Means (အဝင်အထွက် လုပ်ဘို့ လမ်းကြောင်းများ)၊ နဲ့ အတူ သက်ဆိုင်တဲ့ Building Codes/ Regulations တွေ။
        • အဆောက်အအုံ ရဲ့ အမြင့်၊ အထပ် အရေအတွက်၊ အထဲမှာ ပါတဲ့ Internal transportations တွေ၊ Roof and Wall Material ပစ္စည်းတွေ နဲ့ နေရောင် (အလင်းရောင်) အတွက် Type and amount of fenestration တွေ
        • Owner’s Capital costs and Operation Cost Budgets
        • နေထိုင်သုံးစွဲ သူတွေ နဲ့ ဧည့်သည်တွေ ရဲ့ အရေအတွက် နဲ့ သုံးစွဲ ပုံစံ တွေ ဖြစ်တဲ့ the number, distribution, and occupancy patterns of permanent occupants and visitors
        • Conceptual Architectural Drawings.
        တွေ လည်း အနည်းဆုံး ပါဝင် ရပါမယ်။
      • ဒီအထဲ က အချက် တွေ မရသေးရင် Mechanical (or HVAC) Engineer အနေနဲ့ အမြန်ဆုံး ရနိုင်အောင် ကြိုးစား ရမှာ ဖြစ်ပါတယ်။Mechanical Engineer အနေနဲ့ ကတော့ လိုအပ်တဲ့ Environmental အချက်အလက် တွေ ကို စဉ်းစား ထားရပါလိမ့်မယ်။
        • Outdoor Environmental / Weather Condition (from ASHRAE (or) from Local Metrological Data)
        • Heating and Cooling Degree-Hours
        • Surface and subsurface site condition (such as Type of soil, water table, and rock levels)
        • Applicable Building Regulations and Codes
        • Infrastructure for Utilities such as Electricity, Gas and other fuels (availability, capacity, tariffs)
      • အဆောက်အအုံ ရဲ့ အတွင်းပိုင်း အတွက် ထိန်းသိမ်း ဘို့ လိုအပ်တဲ့ အချက်တွေ ကို သတ်မှတ်တဲ့ အခါ
        • အသုံးပြု တဲ့ အချိန်၊ မသုံးတဲ့ အချိန်တွေ အတွက် ထိန်းသိမ်းပေး ရမဲ့ Dry Bulb Temperature and RH (or Wet bulb Temperature)
          • Daytime Occupied Hour
          • Nighttime Occupied Hour
          • Unoccupied Hour
        • Ventilation Requirements
        • Indoor Air Quality Requirements
        • Any special conditions
        • Heavy Internal Equipments Loads
        • Noise and Vibration Controlled Area and Criteria
        • Humidity Limits
        • Redundancy for Life Safety and Security
        အထက်က ဖော်ပြထားတဲ့ အချက် တွေ အတွက် လက်ခံ နိုင်မဲ့ Acceptable Limits (Tolerance) ဘောင်ကို လည်း တစ်ပါတည်း သတ်မှတ် ပေးရမှာ ဖြစ်ပါတယ်။
      • နေရာ အလိုက် အသုံးပြုမဲ့ Function Use for each area က နေရာတစ်ခုစီ အတွက် သင့်တော်တဲ့ HVAC System and Control Systems တွေ ရွေးချယ် ဘို့ အတွက် မရှိမဖြစ် အရေးပါပါတယ်။ ရွေးချယ်ထားတဲ့ HVAC Systems တွေရဲ့ Capabilities (စွမ်းဆောင်နိုင်ရည်များ၊) ကို Indoor Environmental Requirments တွေ နဲ့ နှိုင်းယှဉ် ဆန်းစစ် ရတာမို့ပါ။ ဥပမာ အချို့အခန်းတွေ က Humidity Control လိုအပ်ပြီး အချို့အခန်းတွေ ကမလိုအပ်ပါဘူး။ အချို့နေရာ တွေက Air-Conditioning လိုအပ်ပြီး အချို့နေရာ တွေ ကတော့ Mechanical / Natural Ventilation လိုအပ်ပါတယ်။ Direct Radiant Heating တစ်ခုထဲ ပေးတဲ့ အခါ Humidification, Ventilation နဲ့ Cooling မပေးနိုင်ပါဘူး။ ဒါကြောင့် လိုအပ်ချက် တွေပြည့်စုံ ဘို့ Equipments တွေ ကိုသင့်တော်သလို ပေါင်းစပ် ရွေးချယ်ပေးရပါတယ်။
    2. Schematic Design
      • The Schematic design အဆင့် မှာတော့ သင့်တော်တဲ့ စနစ် နဲ့ စက်ပစ္စည်း အတွဲတွေ ကို ရွေးချယ် ဘို့ နဲ့ နှိုင်းယှဉ် ကြည့်ဘို့ တွေ ပါဝင် လာပါတယ်။ စနစ်အားလုံး က နေရာအလိုက် လိုအပ်တဲ့ Environmental conditions တွေ ကို ထိန်းသိမ်းပေးနိုင် ဘို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ Thermal Zoning ရဘို့ ကလည်း mandatory (လုပ်ကိုလုပ်ရမဲ့) လိုအပ်ချက် ပါ။ ရွေးချယ်ထားတဲ့ စနစ် အတွဲ တွေ ကို စိစစ်ရွေးချယ်တဲ့ အခါ စဉ်းစားရမှာ တွေကတော့
        • နေရာ လိုအပ်ချက် (Equipments, ducts, and piping)
        • Fuel and/or electrical usage and thermal storage requirements
        • The initial cost and operating costs
        • The acoustic requirements
        • The compatibility with the building plan and structural system
        • The effects on indoor air quality, illumination, noise and vibration
        • Energy Code Impact
      • ဒီအဆင့် ရဲ့ အစပိုင်းတွေ မှာ Glazed Area (မှန်ချပ်) တွေ၊ Heavy Lighting တွေ နဲ့ အခြား Internal loads တွေရဲ့ HVAC system requirements အပေါ် အကျိုးသက်ရောက်မှု တွေ၊ Aesthetics နဲ့ Acoustic Controls တွေ ကိုထည့်သွင်း စဉ်းစားပြီး Mechanical Equipments အကြီးစားတွေ ဘယ်မှာထား သင့်တယ်ဆိုတာ တွေ ကို အမေးခံ ရပါလိမ့်မယ်။
      • ရနိုင်တဲ့ အချက်အလက်တွေ ပေါ် မူတည်ပြီး Mechanical Engineer အနေနဲ့ Calculation တွေ ကို ပေးရဘို့ လည်း လိုအပ် နိုင်ပါတယ်။ လက် နဲ့ပဲ တွက်တွက်၊ ကွန်ပြူတာ နဲ့ပဲ တွက်တွက်၊ အရင် လုပ်ဘူးတဲ့ ဆင်တူ Projects တွေ က Data အချက်အလက် တွေ ကို မှီငြမ်း ပြီး ပဲဖြစ်ဖြစ် ပေးလို့ ရပါတယ်။ ဒီအထဲ က Criteria အချို့ ကို အောက်မှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက် တဲ့ Criteria နဲ့ Cooling Load Check Factor ကို ASHRAE Pocket Handbook မှာ ဆက်လက်လေ့လာ နိုင်ပါတယ်။
        • Office Building (Average)
          Occupancy 10 m²/person
          Lighting (includes Power)
          (Lighting 15 W/m² + Power 50 W/m²)
          65 W/m²
          Avg Refrigeration Load 7.4 m² /kW
        • Supply Air Rate
          *E, S & W 8 (l/s) /m²
          *North 7 (l/s) /m²
          Internal 5 (l/s) /m²
          Fresh Air Supply Rate 10 (l/s) / person
          * For Northern Hemisphere
        [စကားချပ်၊ ၊ HVAC Engineer တွေ အတွက် ASHRAE Pocket Handbook က အရမ်းအသုံး တဲ့ ပါတယ်။ သေးသေး နဲ့ အချက်အလက် စုံစုံ လင်လင် ပါဝင်တာ မို့ပါ။ ဒီအချက် အလက် တွေ ကိုပြန် Verify လုပ်ဘို့ နဲ့ အမှားပြင်ဆင်ချက် Errata တွေ ကို လည်း ရံဖန်ရံခါ သွားရောက် ကြည့်ရှု ဘို့ တော့ လိုအပ်ပါတယ်။ ဒီစာအုပ် က Copy ကူးဘို့ အဆင်ပြေတဲ့ စာအုပ်မျိုး တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အပိုင်ဝယ်သုံး ဘို့ တော့ အမှန်တကယ် သင့်တော် တဲ့ စာအုပ် ပါ။ ASHRAE Onlne Publication Store မှာ ဝယ်ယူနိုင်ပါတယ်။]
      • Architectural Load နဲ့ Internal Loads တွေကို သင့်တော်သလောက် သတ်မှတ် နိုင်မယ်ဆို ရင် Weather Data တွေ ကို မှီငြမ်း ပြီး Peak Load နဲ့ Rough Energy calculation တွေ ကို ဒီအဆင့် မှာ ပြင်ဆင် နိုင်ပါတယ်။ ဒီ Load တွေ က Preliminary ဖြစ်ပြီး Design Process တစ်လျှောက် မှာ အပြောင်းအလဲ ရှိအုံး မယ် ဆိုပေမဲ့ စနစ်တွေ ရွေးချယ် နှိုင်းယှဉ် ဘို့ အတွက် ကတော့ လုံလောက်ပါတယ်။ Systems အားလုံး ကို ဒီ Same Load လိုအပ်ချက် ကို ဖြည့်ဆီးပေးနိုင်ဘို့ တစ်ပြေးညီ ရွေးချယ် နိုင်တာ မို့ ပါ။
      • လုပ်ငန်း အတွေ့အကြုံ ရလာတာ နဲ့ အတူ ဒီ Loads တွေ ရဲ့ အတိုင်းအဆ magnitude ကို အရမ်းအားစိုက် တွက် စရာ မလိုပဲ အနီးစပ်ဆုံး ခန့်မှန်းလာ နိုင် ပါလိမ့်မယ်။
      • ဒီအဆင့် မှာ မှီငြမ်းစရာ တွေ ကတော့ Design Manuals တွေ၊ Textbooks တွေ၊ Equipment Literature တွေ နဲ့ Existing Installations တွေဖြစ်ကြပါတယ်။ Structure နဲ့ ကိုက်ညီတဲ့ လိုအပ်တဲ့ Environment ကိုလည်းပေးနိုင်တဲ့ စနစ် အချို့ ပဲ ဒီအဆင့် မှာ ဇကာတင် ကျန်ခဲ့ ပါလိမ့်မယ်။
      • Client က Request လုပ်ခဲ့မယ်။ Architectural detail ကလည်း လုံလုံလောက်လောက် ရှိနေပြီ၊ Mechanical Engineer’s Fee ကလည်း ရဘို့သေချာ သလောက်ရှိ နေပြီ ဆိုရင်တော့ ရွေးချယ်ထားတဲ့ HVAC Systems တွေ ရဲ့ capital cost, operating costs and performance တွေ ကို ပိုအသေးစိတ် နှိုင်းယှဉ်ပြ နိုင်ပါတယ်။ Systems တစ်ခု ကို Base ထားပြီး အခြား Systems တွေကို ဒီ Base နဲ့ နှိုင်းယှဉ် ဘို့ပါ။ ဒီလို Analysis လုပ်နိုင်ဘို့ လိုအပ်တဲ့ အဆင့်တွေ ကတော့
        1. Estimate Probable Capital Costs: အကျယ်အဝန်း ခန့်မှန်းခြေ၊ အကြမ်းရွေးထားတဲ့ Equipments တွေ နဲ့ အကြမ်းဆွဲ ထားတဲ့ Sketches တွေ၊ Layout တွေ နဲ့ အတူ အောက်မှာ ဖော်ပြထားတဲ့ နည်းတစ်ခုခု ကိုသုံးပြီး ပထမ ရင်းနှီးမြှုပ်နှံရန် ကုန်ကျငွေ ခန့်မှန်း ပေးရပါမယ်။
          • Cost estimating manuals တွေ
          • မကြာသေးခင် က ပြီးခဲ့ တဲ့ ဆင်တူ Projects ( Technical journals တော်တော်များများ မှာ ဒီအချက်အလက်တွေ ပါလေ့ရှိပါတယ်။)
          • QS / Contractor
          • လုပ်ငန်း အတွေ့အကြုံ ရှိတဲ့ Design Engineers တွေ
        2. ရနိုင်တဲ့ Energy Source နဲ့ ယူနစ် ရဲ့ cost (မီတာကြေး) ကို လက်ရှိအတွက် ရော ရှေ့ဖြစ်နိုင်ချေ ကိုရော ချင့်ချိန်ပြီး Estimate တွက်ချက်ရပါမယ်။ Local utility tariffs, energy charges, demand charges တွေ နဲ့ ရနိုင်ရင် off-peak ကိုပါ စုံစမ်းလေ့လာ ထားရပါမယ်။
        3. Systems တစ်ခုစီမှာ ပါတဲ့ subsystem တွေရဲ့ hourly operating cost နဲ့ no. of operating hour ကို တွက်ချက် ရပါမယ်။ manually ပဲဖြစ်ဖြစ်, spread sheet နဲ့ပဲ တွက်တွက်၊ energy analysis software တွေကိုပဲသုံးသုံး၊ equipment manufacturer ရဲ့ program နဲ့ပဲရှာရှာ ရပါတယ်။ အဆောက်အအုံ ရဲ့ တစ်ရက်ကို ဘယ်နှနာရီ Operate လုပ်မှာလဲ ဆိုတာကို လည်း ဒီအဆင့် မှာ သိသင့်ပါတယ်။ (ဥပမာ၊ ရုံးခန်း ၁၂ နာရီ။ ဟိုတယ် ၂၄ နာရီ။ စက်ရုံ - လိုအပ်ချက် အရ) ဆိုတာနဲ့ တစ်နာရီ။ စသည်ဖြင့်ပေါ့။
        4. Local tariffs (မီတာခ နှုန်းထား) ကို သုံးပြီး လစဉ် ကုန်ကျမဲ့ Utility တွေကိုတွက် ပြီး တစ်နှစ်စာ ရအောင် ပေါင်းရပါမယ်။
        5. Owner အတွက် လိုအပ်လို့ ရှိရင် နှိုင်းယှဉ်ကြည့် နိုင်ဘို့ Comparative Life-cycle cost analysis ဒါမှမဟုတ် အခြားComparative cost analysis ကို လုပ်ပေးရပါမယ်။
      • တစ်ခု သတိထားရမှာ ကတော့ Equipment တစ်ခုရဲ့ Annual Efficiency က သူ့ရဲ့ Full-load efficiency နဲ့ မတူဘူး ဆိုတာပါပဲ။
      • Schematic Design Phase ပြီးသွားတဲ့ အချိန်မှာ Owner (or) Architect ကို HVAC system selections နဲ့ ပတ်သက်တဲ့ recommendation ပေးရပါမယ်။ အများအားဖြင့် Engineer ရဲ့ Reasoning ခိုင်မာတယ်၊ Client’s Objective ကိုလည်း ထင်ဟပ်တယ် ဆိုရင် ဒီ recommendations ကိုလက်ခံ အတည်ပြု ပေးကြပါလိမ့်မယ်။
      • Owner မှာလည်း အခြား approach ကို ရွေးချယ်ပိုင်ခွင့်၊ အခွင့်အရေး ရှိပါတယ်။ Owner ရဲ့ Decision-weighting factors လို့ခေါ်တဲ့ ဆုံးဖြတ်ချက် ချတဲ့ အချိန်မှာ Owner သုံးတဲ့ ဦးစားပေးရမဲ့ အချက်တွေ က design team နဲ့ ကွဲပြားခြားနား တဲ့ အခါ ဒီလို ဖြစ်နိုင်ပါတယ်။ စိတ်မကောင်း စရာ ကတော့ ဒီ အချက်အလက် တွေ မှာ မကြာခန Life-cycle performance အစား low first cost ကိုရွေးချယ် တာမျိုးတွေ ပါဝင်နေတာ မျိုးပါ။
      • Design Decisions နဲ့ပတ်သက်တဲ့ Clear Documentation ရှိသင့်ပါတယ်။ Designer’s Proposal နဲ့ ကိုက်ညီတာပဲ ဖြစ်ဖြစ်၊ သွေဖယ်၊ခြားနား တာပဲ ဖြစ်ဖြစ် ပေါ့။
    3. Preliminary Design
      • HVAC design ကို Preliminary Stage မှာပဲ ရှိနေဆဲ ဖြစ်တဲ့ Architectural and Structural Design တွေ နဲ့ Coordinate လုပ်နိုင်ဘို့ အတွက် Preliminary design ကိုသုံးရပါတယ်။ ရှိနေနိုင်တဲ့ Potential Comflicts တွေ ကို ဖြေရှင်းနိုင်အောင်လို့ပါ။ Mechanical and Electrical Systems တွေနဲ့ Structural, Plan & Building Configurations တွေကို Close Integration (သေသေသပ်သပ် တစ်သားထဲ ပေါင်းစပ်ပေး နိုင်ဘို့ အတွက်) Discipline တစ်ခုစီ က Team members တွေ နဲ့ အခြား သူတွေ အတူတကွ ညှိနှိုင်း ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။ Architect, Mechanical Engineer, Electrical Engineer, Structural Engineer, Acoustical consultant နဲ့ အခြား သက်ဆိုင်ရာ discipline တွေက team member တွေ ပါဝင်ပါတယ်။
      • ဒီ Phase မှာ Local Building or Energy codes တွေ ကိုလည်း မဖြစ်မနေ ထည့်သွင်း စဉ်းစားရပါ အုံးမယ်။ Glass နဲ့ envelope materials တွေ (သို့) အဆောက်အအုံ ရဲ့ Envelope Heat Loss Limits တွေ ကို ကန့်သတ်မှုတွေ ရှိတတ်တာမို့ပါ။ ဒါ့အပြင် Lightings Load, HVAC Systems and equipments စတာတွေ ကိုလည်း ကန့်သတ် ထားနိုင်ပါတယ်။ ရံဖန်ရံခါ Annual Energy Budgets ကိုတောင် မှ ကန့်သတ် ထားနိုင် ပါသေးတယ်။ တချို့ local authorities တွေ က တွက်ချက်မှု အချို့ ကို သူတို့သတ်မှတ် ထားတဲ့ Computer Program နဲ့တွက်ချက် တင်ပြဘို့ လိုအပ်ချက်လည်း ရှိတတ်ပါတယ်။ Load အတွက်ရော Energy Program အတွက်ပါ Input ပေးရတာ နည်းအောင် လုပ်ထားတဲ့ Computer Program ကိုရွေးချယ်တာ ကောင်းပါတယ်။ လက်ရှိ Computer Program တော်တော်များများ မှာ Load နဲ့ Energy Program နှစ်ခုလုံး အတွက် Inputs တွေကို share သုံးလို့ရပါတယ်။ Architectural Alternatives တွေအတွက် energy implications တွေ ကို ယှဉ် ကြည့်နိုင်ဘို့ Personal Computer နဲ့ ရိုးရိုးရှင်းရှင်း Simple Calculations တွေ ကို တွက်ချက်နိုင်ပါတယ်။
      • Architectural Floor Plans တွေနဲ့ Elevations တွေ ပိုအသေးစိတ် လာတာနဲ့ အတူ structure နဲ့ MEP systems တွေကို လည်း သက်ဆိုင်ရာ Building Codes တွေနဲ့ ကိုက်ညီအောင် ဒီဇိုင်း လုပ်ပြီးတဲ့ နောက် Drawing တွေကို Preliminary Form လို့ခေါ်တဲ့ အကြမ်း ပြင်ဆင် နိုင်ပါပြီ။ Heat Load နဲ့ Ventilation Calculations တွေ ကို လည်း ပြန်စိစစ် ပြီး Air & Water Distributions Systems (Piping & Ducting) တွေ ကို Design လုပ်ပြီး equipments တွေ ကို ရွေးချယ်ရပါတယ်။ System Sizes နဲ့ Capacities တွေကိုတော့ Design Full Load နဲ့ Part Load Conditions တွေနဲ့ သင့်တော်အောင် လျော်ညီစွာ ရွေးချယ်ရပါတယ်။ Designer က Duct Sizes နဲ့ Pipe Sizes တွေကို Manually ပဲဖြစ်ဖြစ် Programs သုံးလို့ပဲ ဖြစ်ဖြစ် ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေ မှာ အဓိက ကျတာ ကတော့ Space requirements သိဘို့ နဲ့ cost estimate လုပ်နိုင်ဘို့ system layouts တွေကို develope လုပ်နိုင်ဘို့ ပါပဲ။
      • သက်ဆိုင်ရာ Code က လိုအပ်ခဲ့မယ် ဆိုရင်လည်း Detail Energy Studies တွေကို သက်ဆိုင်ရာ Calculations တွေ နဲ့ အတူ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
      • Preliminary Drawings တွေ၊ Outline specifications တွေနဲ့ Cost Estimates တွေကို Owner က အတည်ပြု Approve လုပ်ပြီးတဲ့ အချိန်မှာ Project Scope က သေသေချာချာ သတ်မှတ်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် Design Work ရဲ့ Final Phases တွေမှာ minor changes တွေ ကိုပဲ ခွင့်ပြုပါတယ်။

    4. Detail Design Development (For Tender / Construction)
      • ဒီအဆင့် Final Design မှာတော့
        • Equipment ကို သတ်သတ်မှတ်မှတ် ရွေးချယ်ခြင်း၊ Model Numbers နဲ့ Sizes၊
        • Duct နဲ့ Piping Systems တွေရယ်၊ Control Strategies တွေ ကိုလည်း အပြီးသတ် Finalized လုပ်ခြင်း၊
        • Owner requirements လိုအပ်ချက်တွေ နဲ့ ကိုက်ညီမှု ရှိ၊ မရှိ final compliance ကို စိစစ်ဆုံးဖြတ် Verification လုပ်ခြင်း။
        • Budget ကို refined လုပ်ခြင်း။ ( အရင်က လိုလိုမယ်မယ် ထားထားတဲ့ contingency costs အချို့ ကို လည်း ဖယ်ထုတ် နိုင်ပါပြီ။ )
        • Performance နဲ့ cost အတွက် trade-offs လို့ ခေါ်တဲ့ စနစ် တစ်ခုနဲ့ တစ်ခုအကြား အလဲအလှယ် လုပ်ဘို့ လည်း ဒီအခြေအနေ မှာ ဖြစ်နိုင်ပါတယ်။ ဥပမာ
          Insulation အမျိုးအစား ပြောင်းတာ façade glass မှန်တွေရဲ့ U-value နဲ့ SC-value ပိုကောင်းအောင် လုပ်ခြင်းအားဖြင့် mechanical systems ရဲ့ cost ကို လျော့ကျစေမယ်။ ဒါမှမဟုတ် ပိုပြီးတော့ energy efficient building ဖြစ်အောင် လုပ်နိုင်ခဲ့ မယ် ဆိုရင် ပထမ ဆုံး ရင်းနှီးမြှုပ်နှံ ငွေ (initial investment costs) တိုးလာတာ က လျော့သွားတဲ့ Operating cost နဲ့ ကာမိတယ်။ Payback ရှိတယ် ဆိုရင် လက်ခံနိုင်စရာ ရှိပါတယ်။
      • Construction Documents တွေထဲမှာ ပါဝင်တာတွေ ကတော့
        • Architectural, Structural, Mechanical and Electrical Drawings Complete Sets (အပြည့်အစုံ)
        • Specifications
        • Construction Cost Estimates
        • Energy Code Calculations (လိုအပ်လျင်)
      • Owner ရဲ့ approval ရပြီးရင်တော့
        • သက်ဆိုင်ရာ အစိုးရ အာဏာပိုင် အဖွဲ့အစည်း တွေဆီ လိုအပ်တဲ့ documents တွေကို code review လုပ်ပေးနိုင်ဘို့ တင်ပြရပါမယ်။
        • Contractors တွေ firm bidding လုပ်နိုင်ဘို့ documents တွေ ကိုထုတ်ပေးရပါမယ်။
        အများအားဖြင့် ဈေးအချို ဆုံး နဲ့ တာဝန်ယူမဲ့ contractor သော်လည်းကောင်း၊ Onwer ရဲ့ အခြားလိုအပ်ချက် တွေ ဖြစ်တဲ့ schedule (အစီအစဉ် နဲ့ အချိန် သတ်မှတ်ချက်)။ Quality Control (အရည်အသွေး ထိန်းသိမ်းမှု)၊ နဲ့ Project Experience (လုပ်ငန်းအတွေ့အကြုံ) အစရှိတာ တွေ ကို အကောင်းဆုံး ဖြည့်ဆီးပေးနိုင်မဲ့ အရည်အချင်း ရှိတဲ့ contractor ကိုသော် လည်းကောင်း အလုပ် ကို ပေးအပ်လေ့ ရှိပါတယ်။
      • Extra Services>(အပိုဝန်ဆောင်မှုများ)
        • ဒီ အဆင့်မှာ ပဲ ဖြစ်ဖြစ်၊ ဆောက်လုပ်ရေး အပြီး မှာပဲ ဖြစ်ဖြစ်၊ Guidance for Optimization of System Operations ကိုပေးနိုင်ဘို့ Additional Computer Simulations တွေ ကို Owner က တောင်းဆို နိုင်ပါတယ်။ Owner ရဲ့ economic decision making လို့ခေါ်တဲ့ စီးပွားရေး ဆုံးဖြတ်ချက် တွေ ကို ထိရောက် လွှမ်းမိုး နိုင်တာမို့ ဒီ analyses တွေ ကို အကောင်းဆုံး ရနိုင်တဲ့ most comprehensive energy simulation တွေသုံးပြီးလုပ်ပေး ရပါမယ်။ ဒီလို Studies လုပ်တာ က အသေးစိတ် detail နဲ့ extensive inputs တွေ လိုအပ်ပြီး အများအားဖြင့် ကုန်ကျစရိတ် များပါတယ်။
        • ဒီ အပိုဝန်ဆောင် ပေးရမှု နဲ့ နောက်ဆုံး အချိန်ပိုင်း မှ ပြောင်းတဲ့ last-minute owner-required changes တွေ က HVAC&R Engineer အတွက် additional work တွေကို ဖြစ်စေပါတယ်။ ဒါကြောင့် ဒီ အပို အားထုတ်မှု တွေ အတွက် လည်း သင့်တော်တဲ့ ဝန်ဆောင်ခ ကို HVAC&R ကခံစားသင့်တာ မို့ Owner က ထပ်ဆောင်း ပေးရပါမယ်။
    5. Post Design Phase
      • Construction လုပ်နေတဲ့ အချိန် မှာ Designer က commissioning team (ရှိခဲ့ရင်) ပါဝင် ဆောင်ရွက် ရပါတယ်။ ဒါ့အပြင် အခြား တာဝန် အချို့လည်း ရှိပါသေးတယ်။
      • Check shop drawings, material and equipments technical specifications
        • Site ထဲမှာ install မလုပ်ခင် Manufacture / Contractor တွေ Submit လုပ်မှာ တွေ ကတော့၊
          • Equipment Technical Specifications
          • Material Specification
          • Equipment / Material Installation Manuals
          • Installation Details (Equipment, Ducting, piping, etc.),
          • Method Statements (if specified)
          • Shop Drawings
        • Project Site မှာ တကယ့် Installation မစခင် (မတပ်ဆင်မီ) ဒီ တင်ပြချက် တွေ ကို သတ်မှတ်ထားတဲ့ project plans and specifications တွေ နဲ့ ကိုက်ညီမှု ရှိမရှိ၊ ( Compliance ဖြစ်မဖြစ် ) စစ်ဆေးရပါတယ်။ ကိုက်ညီမှု ရှိတယ် (သို့) လက်ခံနိုင်တယ် ဆိုရင် Approval ပေးရပါတယ်။
      • Periodic Site Visit
        • Site ထဲမှာ ရှိနေတဲ့ contractor တွေရဲ့ အလုပ်ပြီးမြောက် မှု အခြေအနေ ကို သိရှိ သတိပြု နေဘို့ အတွက် နဲ့ log မှတ်တမ်းရေး ဘို့ အခါ အားလျော်စွာ Project Site ထဲ ကို Site Visit သွား ပေးရပါတယ်။
      • Provide Interpretation of the construction documents
        • Construction documents တွေ နဲ့ ပတ်သက်ပြီး Project Site က သိလိုတဲ့ မေးခွန်းတွေ တွေ ကို ရှင်းလင်း အောင် ဖြေကြား ပေးရပါတယ်။
      • Witness tests for verifying system performance
        • System performance တွေ ကို အတွက် လိုအပ်တဲ့ tests တွေ ကို Witness (သက်သေ) လုပ် ပေးရပါတယ်။ ဒီ တာဝန် တွေ ယူဘို့ အတွက် ကတော့ Professional agreement ထဲမှာ ပါဝင်နေပြီး Fee (ဝန်ဆောင်ခ) ထဲ မှာလည်း ထည့်သွင်း ထား ရ မှာဖြစ်ပါတယ်။
      • Ascertain proper workmanship
        • Contractor ရဲ့ အလုပ် က Proper Workmanship (လက်ရာ ကျကျနန) ဟုတ်မဟုတ် နဲ့ အလုပ်ပြီးမြောက် မှု အတိုင်းအဆ ကို သေချာ ကြည့်ရှုစစ်ဆေး ရပါမယ်။
        • ဒါမှ Contractor တင်ပြလာတဲ့ Progress Claims (invoices) တွေ က မှန်ကန်ကြောင်း နဲ့ သတ်မှတ်ထားတဲ့ Quality အရည်အသွေး က လည်း specified သတ်မှတ် ခဲ့တဲ့ အတိုင်းဖြစ်ကြောင်း သေချာမှာ ဖြစ်ပါတယ်။
    6. Commissioning Phase
      • Modern Building Systems တွေက ပိုမိုရှုတ်ထွေး Complex ဖြစ်လာတာနဲ့ အမျှ Building Commissioning Process ကို ပိုပြီး အလေးအနက် ထားလာကြပါတယ်။ ရိုးရှင်းတဲ့ သာမန် အဆောက်အအုံ တွေ မှာ ပြဿနာ နည်းနည်း နဲ့ ပိုင်ရှင် ကိုအပ်လို့ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အင်မတန် ရှုတ်ထွေးတဲ့ complex systems တွေနဲ့ subsystem အများအပြား ရှိတဲ့ အဆောက်အအုံ အကြီးစား တွေ မှာတော့ ဒီကိစ္စ က သာမန် အဆင့်လောက် မဟုတ်တော့ပါဘူး။ ဗဟုသုတ လည်းရှိ၊ ပါးရည်နပ်ရည် လည်းရှိတဲ့ ပိုင်ရှင်တွေ က သူတို့ အဆောက်အအုံ ကို လက်ခံ မယူမီ တစ်နှစ်ပတ်လုံး (ရာသီ အားလုံး) အတွက် ကျေနပ်လောက်တဲ့ performance ရဘို့ အတွက် function & performance tests တွေ လုပ်ပေးဘို့ အခိုင်အမာ တောင်းဆို ပါလိမ့်မယ်။ commissioning process က ဒီ အာမခံ ချက် ကို ပေးနိုင် ပါတယ်။
      • Building Systems တွေနဲ့ subsystems တွေ အလုပ်ကောင်းကောင်း လုပ်ကြောင်း verify လုပ်ဘို့ တာဝန် က ရံဖန်ရံခါ ဆိုသလို အင်ဂျင်နီယာ နဲ့ technicians အသစ်တွေ အပေါ် ကျရောက် တတ်ပါတယ်။ ပိုင်ရှင် လက်ခံယူ မဲ့ acceptance process မှာ သူတို့ရဲ့ verification က အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု အနေနဲ့ ပါဝင် ပါလိမ့်မယ်။
      • Practice ကောင်းတစ်ခု ကတော့ HVAC&R components နဲ့ Systems တွေကို function & performance tests တွေ လုပ်တဲ့ အခါ Design Engineer ဘေးနားမှာ ရှိနေဘို့ပါ။ အထူးသဖြင့် Systems တွေက ဒီဇိုင်းလုပ်ထားတဲ့ အတိုင်း perform မလုပ်ခဲ့ရင် ပိုပြီး အရေးပါပါတယ်။ Troubleshoot (အမှားရှာ) ဘို့နဲ့ Solution (အဖြေ) ရှာပေးဘို့ အကောင်းဆုံး နဲ့ အသင့်တော် ဆုံး က Designer မို့ပါ။ ဒီ အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့ ရင် Designer လက်ထဲမှာ Complete design documentations တွေ အဆင်သင့် ရှိနေဘို့ လိုအပ်ပါတယ်။
        Commissioning Process တွေအတွက် commissioning team မှာ mechanical designer တစ်ယောက် ရဲ့ active participation လိုအပ်လေ့ ရှိပါတယ်။ သင့်တော်တဲ့ ဝန်ဆောင်ခ Professional Fee ကို လည်း ကြိုတင် ထည့်သွင်း ထားပေး ရမှာ ဖြစ်ပါတယ်။
    7. Post Occupancy Services
      • အသင့်တော်ဆုံးကတော့ Post Occupancy လို့ခေါ်တဲ့ လူတွေ နေပြီးတဲ့ နောက်ပိုင်း မှာ Check လုပ် စစ်ဆေး ဘို့ လိုအပ်တာတွေ ကတော့
        • System performance
        • Energy အသုံး
        • Operating Costs (လည်ပတ်မှု အတွက် ကုန်ကျစရိတ်)
        • User Reactions
        • အဆောက်အအုံ ရဲ့ Total building performance
        ဒီ Post Occupancy Service အတွက် အင်ဂျင်နီယာ ကိုဆက်လက် engage လုပ်ထိန်းသိမ်း ထား နိုင်ရင် တော့ အကောင်းဆုံး ပါ။ ဒါပေမဲ့ အခုအချိန် အထိ ဒီလို လုပ်ကြတာ သိပ်မတွေ့ရသေးပါဘူး။ တဖြည်းဖြည်း တော့ သိ နားလည် လာကြပါပြီ။ အဓိက ကတော့ နားလည် ကျွမ်းကျင် တဲ့ skill operators တွေ ကို ခန့်ထားဘို့ ပါ။ ဒီ skill operators တွေ ကို တပ်ဆင်ထားတဲ့ System တွေကို နားလည်စေဘို့ နဲ့ စနစ်တကျ operate လုပ်နိုင်ဘို့ အတွက် လေ့ကျင့် ပေးနိုင်မဲ့ အသင့်တော် ဆုံး ကတော့ ဒီဇိုင်း လုပ်ခဲ့တဲ့ အင်ဂျင်နီယာ ကိုယ်တိုင် ပါပဲ။
 ကျော်ထက်ဝင်း နည်းပညာတက္ကသိုလ်                     

No comments:

Post a Comment